Full article

![tata_coach-500x357](/redline/content/images/2012/01/tata_coach-500x3571.jpg)

Bus နှင့် Truck ကားများကို ဘယ်မောင်းအမျိုးအစားများဖြစ်ပါက လွတ်လပ်စွာ တင်သွင်းခွင့် ပြုလိုက်ပြီဟု နေပြည်တော်ရှိ စီးပွား/ကူးသန်း မှတာဝန်ရှိသူများက ပြောကြားကြောင်း Eleven ဂျာနယ်တွင်ဖော်ပြထားသည်။ တင်သွင်းလိုသူများ အနေဖြင့် စီးပွား/ကူးသန်းတွင် သွားရောက်လျှောက်ထားနိုင်ပြီး ကားမော်ဒယ်အတွက် ကန့်သတ်ချက်ရှိသည်ဟု သိရသည်။ ဘတ်စ်ကားများကို လက်ရှိခုနှစ်မှ ငါးနှစ်အတွင်း ခွင့်ပြုထားပြီး ထရပ်ကားများဆိုလျှင် ဆယ်နှစ်အတွင်း မော်ဒယ်များကို ခွင့်ပြုမည်ဖြစ်သည်။

ယခုလို ခွင့်ပြုလိုက်ခြင်းသည် သတင်းကောင်းတစ်ခုဟု ဆိုနိုင်သော်လည်း မည်မျှလွတ်လပ်စွာ တင်သွင်းနိုင်သည်၊ မည်သို့တင်သွင်းရမည်၊ အခွန်မည်မျှပေးဆောင်ရမည် စသည့် အသေးစိတ်အချက်အလက်များကို မသိရှိရသေးပါ။

Author