နယ်စပ်မှ တစ်ဆင့် လုပ်ငန်းသုံး တစ်တန်အောက်ကားတင်သွင်းခြင်း ထိုင်းနိုင်ငံထုတ် ကားများသာ တင်သွင်းခွင့် ပြုမည်

0

Full article

မြဝတီ နယ်စပ်မှတစ်ဆင့် လုပ်ငန်းသုံး တစ်တန်အောက်ကားတင်သွင်းခြင်းကို ထိုင်းနိုင်ငံထုတ် Country original ဖြစ်သည့် ကားများကိုသာ တင်သွင်း ခွင့်ပြုမည်ဖြစ်ကြောင်း နေပြည်တော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါသည်။ နယ်စပ်ဒေသ တရားမဝင်ဂိတ်များမှတစ်ဆင့် ကားများ တင်သွင်းခြင်းကို ခွင့်ပြုတော့မည်မဟုတ်ဘဲ မြဝတီ တံတားပေါ်ကတစ်ဆင့် တရားဝင် တင်သွင်းလာသည့် ထိုင်းနိုင်ငံထုတ်ကားများကိုသာ ယာဉ်မှတ်ပုံတင်တာကို လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ သိရသည်။ "နယ်စပ်ကနေ တရားမဝင်ကားသွင်းတာကို ထိန်းချူပ်ဖို့ လုပ်သွားမှာပါ။ ထိုင်းနိုင်ငံ ကာစတန်ရဲ့ ကားတင်သွင်းတဲ့ အထောက်အထားပါရမယ်။ ထိုင်းနိုင်ငံထုတ်ကားကိုပဲ ခွင့်ပြုမယ်။ နိုင်ငံတကာလို တရားဝင်တံတားပေါ်ကနေဘဲ ပေးဖြတ်တော့မှာပါ။" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းသည်လက်ရှိမြန်မာနိုင်ငံ ၏ဒုတိယအကြီးမားဆုံးနယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်ပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း၌ ကုန်သွယ်မှုပေါင်းအမေရိကန် ၉၂၈.၆ဝ၂သန်းကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ကြောင်း သိရပါသည်။

ခေတ်သစ်

Author