မြန်မာ့ကျွမ်းကျင်မှုပြိုင်ပွဲ (၂၀၂၀) ကို တပ်မတော်ခန်းမ၌ ကျင်းပလျက်ရှိ

0

Full article

မြန်မာ့ကျွမ်းကျင်မှုပြိုင်ပွဲ (၂၀၂၀) ကို ဇန်နဝါရီလ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် ရန်ကုန်မြို့၊ တပ်မတော်ခန်းမ၌ ကျင်းပသွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင်ကျင်းပခဲ့သည်။

မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) မှကြီးမှူးကာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ၌ စင်ကာပူနိုင်ငံတွင်ကျင်းပမည့် (၁၃) ကြိမ်မြောက် အာဆီယံပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့ကျွမ်းကျင်မှုပြိုင်ပွဲ (၂၀၂၀) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ရန်ကုန်မြို့၊ တပ်မတော်ခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ လွှတ််တော်ကိုယ်စားလှယ်များ၊ ဒုတိယဝန်ကြီးများ၊  NSSA ၏ကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ သက်ဆိုင်ရာသင်တန်းကျောင်းမှကျောင်းအုပ်များ၊ ဒိုင်များ၊ ပြိုင်ပွဲဝင်များ၊ ပါဝင်ပံ့ပိုးကူညီခဲ့သည့်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကာ စုပေါင်းဓါတ်ပုံရိုက်၍ ပြိုင်ပွဲအတွင်းလှည့်လည်ကြည့်ရှုခဲ့သည်။


မြန်မာ့ကျွမ်းကျင်မှုပြိုင်ပွဲ (၂၀၂၀) တွင် Automotive Technology, Refrigeration and Air-  Conditioning ၊ Electrical Installation ၊ Restaurant Service ၊ Cooking ပြိုင်ပွဲများကျင်းပသွားမည်ဖြစ်ပြီး Myanmar Motor Corporation Public Co.,Ltd ဦးဆောင်သော မော်တော်ယာဉ်လုပ်ငန်းရှင်များ၊ Pyae Sone Win Naing Distribution Co.,Ltd ၊ Isuzu Myanmar နှင့် Suzuki Myanmar တို့မှ မော်တော်ယာဉ်နှင့် နောက်ဆုံးပေါ်ဆက်စပ်ပစ္စည်းများပြပွဲကိုလည်း ပူးတွဲကျင်းပလျက်ရှိကြောင်းသိရသည်။

Author