စက်မှုဝန်ကြီးဌာနမှ ခရီးသည်တင်ဘတ်စ်ကားသစ်များ မကြာခင်ထုတ်လုပ်သွားမည်

0

Full article

![width=300](/redline/content/images/2017/05/ါနါနါနါ-300x200.jpeg)

စက်မှူဝန်ကြီးဌာန အနေဖြင့် ခရီးသည်တင်ဘတ်စ်ကားသစ်များထုတ် လုပ်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချိုကပြောပါတယ်။ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့က သယ်ယူပို့ဆောင်ရေး သိပ်အရေးကြီးပါတယ်။ အဆင့်မြင့်ဖို့လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ကားအသစ်တွေထုတ်ဖို့မျှော်လင့်ပါတယ်။ စက်မှုဝန်ကြီးဌာနအနေနဲ့လည်းဘတ်စ်ကားအသစ်တွေထုတ်ဖို့လုပ်ဆောင်နေပါတယ်လို့နိုင်ငံတော်ဒုသမ္မတ(၁)နှင့်မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များဆဌမအကြိမ်တွေ့ဆုံပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဒီဘတ်စ်ကားအသစ်တွေထုတ်လုပ်တဲ့အခါမှာ ဈေးကွက်မှာရှိတဲ့ကားတွေထက်ကောင်းဖို့လိုတယ်။ မကောင်းတဲ့ကားတွေကတော့ ကျန်ခဲ့မှာပေါ့လေ။ အဲ့လို အကောင်းဆုံးကားတွေဖြစ်ဖို့အတွက် ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဟု၄င်းကဆက်လက်ပြောကြားပါတယ်။ ပြည်သူလူထုအများစု အသုံးပြုနေသည့် ခရီးသည်တင်ဘတ်စ်ကားသစ်များ ထုတ်လုပ်ပေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့်ပူးပေါင်း၍ မကြာမီ စက်ရုံလုပ်ငန်းများ တည်ဆောက်မည်ဖြစ်ပြီး၊ ယင်းသို့ထုတ်လုပ်ရာတွင် ဈေးကွက်၌ အကောင်းဆုံးကားများဖြစ်ရန် ရန်ကုန်ကဏ္ဍအတွက် ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ကာ ရှေ့ဆက်၍ အခြားတိုင်းဒေသများတွင်လည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည်ဟု ဆိုခဲ့သည်။

ခေတ်သစ်

Photo Credit

Author