Full article

ယာဉ်ကြောပိတ်ဆို့မှုနေရာများထူထပ်လာသော မြို့တော်ရန်ကုန်အဖြစ် ဖြတ်သန်းလာရခြင်းမှာ ကာလအားဖြင့် ၃နှစ်နီးပါးရှိလာပြီဖြစ်သည်။ ယာဉ်ကြောကျပ်တည်းမှုကိုဖြေရှင်းရာတွင် လူကူခုံကျော်တံတားသစ်များတည်ဆောက်ခြင်း၊ စောင့်ကြည့်ကင်မရာတပ်ဆင်ထားသော မီးပွိုင့်များတပ်ဆင်ခြင်း၊ ကားလမ်းမများဆုံရာယာဉ်ကြောကျပ်တည်းသည့် မီးပွိင့်ဇုန်များတွင် ခုံကျော်တံတားသစ်များ တည်ဆောက်ခြင်းဖြင့် အစိုးရသစ် ကာလတစ်လျှောက်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည်။

` ရန်ကုန်မြို့၏ယာဉ်ကြောပိတ်ဆို့မှုလျော့ချစေရန် ဖော်ဆောင်သည့် လက်ရှိတံတားအသစ်တစ်ခုမှာ တာမွေအဝိုင်းထိပ်ခုံးကျော် တံတားတစ်ခုပင်ဖြစ်သည်။၎င်းမှာ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ရွှေဂုံတိုင်၊ ဦးချစ်မောင်လမ်း၊တာမွေလမ်းနှင့် သမိန်ဗရမ်းလမ်းတို့ ဆုံရာတွင်တည်ဆောက်ရန် စတင်မြေနေရာများသတ်မှတ်ကာ ပြုလုပ်နေပြီဖြစ်သည်။ ယခုဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့၌ ခုံးကျော်တံတားသစ်များဆောင်ရွက်ရန် ရည်ရွယ်ထားပြီး(၈) မိုင်လမ်းဆုံတွင်လည်း ခုံးကျော်တံတားသစ်တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။

ပြီးခဲ့သည့်သြဂုတ်လ တတိယအပတ်အတွင်း၌လည်း အင်းစိန်ပန်းခြံအနီးရှိ ရထားလမ်းခုံကျော်သစ်အမှတ် (၁) နှင့်အမှတ်(၂)အားဖွင့်လှစ်နိုင်ခဲ့သည်။ ယင်း အင်းစိန်ရထားလမ်းခုံးကျော်တံတားအသစ်အား သြဂုတ်လ တတိယပတ်တွင် အပြီးသတ်ဖွင့်လှစ်နိုင်ခဲ့ပြီး ရန်ကုန်မြို့ရှိ ခုံးကျော်တံတားသစ်များတည်ဆောက်ရာ၌ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ပြခြင်းဖြစ်သည်။ ယင်းမှာ အစိုးရဝန်ကြီးဌာနတစ်ခုအနေဖြင့် ပါဝင်တည်ဆောက်ခြင်းဖြစ်သည်။ မြို့တွင်းယာဉ်ကျောပိတ်ဆို့မှုများအတွက် ၂ဝ၁၂ ခုနှစ်မှစတင် တည်ဆောက်ခဲ့သော ခုံးကျော်တံတားများဖြစ်သော ဘုရင့်နောင်နှစ်ထပ်ခုံးကျော်တံတား၊ရွှေဂုံတိုင်ခုံးကျော်တံတား ၊လှည်းတန်းခုံးကျော်တံတားနှင့် မြေနီကုန်းခုံးကျော်တံတား တို့သည်ပုဂ ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီများအား လုပ်ငန်းချထားဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိခုံးကျော်တံတားတွေတည်ဆောက်ထားတဲ့အတွက် ခုံးကျော်တံတားရှိတဲ့နေရာတွေမှာ ယာဉ်ကြောကျပ်တည်းမှုတွေလျော့ကျစေတယ်။ ဒါပေမဲ့ အများပြည်သူရုံးထက် ရုံးဆင်းချိန်မှာတော့ ခုံးကျော်တံတားပေါ်မှာတင် ယာဉ်ကြောပိတ်ဆို့မှုတွေရင်ဆိုင်ရပါတယ်။ ဒါတွေကိုဖြေရှင်းပေးနိုင်မယ်ဆိုရင်လည်း အခုဆောက်တဲ့ခုံးကျော်တံတားတွေဟာ ပြည်သူအတွက်များစွာအသုံးဝင်မှာပါ ဟု တာမွေမြို့နယ်၌ အငှားယာဉ်မောင်း ကိုစိုင်းက AutoCar Buyers' Guide Jourmal သို့ပြောသည်။

အစိုးရလက်ထက်တွင် ရန်ကုန်မြို့ယာဉ်ကြာကျပ်တည်းမှု ဖြေလျှော့နိုင်ရန်အတွက်ပြည်လမ်းတစ်လျှောက်တွင် ခုံးကျော်တံတားအသစ်နှစ်စင်းနှင့်ရွှေဂုံတိုင်တွင်ခုံးကျော်တံတားတစ်စင်း၊ဘုရင့်နောင်တွင်နှစ်ထပ်ခုံးကျော်တံတားတစ်စင်း စုစုပေါင်း ၄စင်းတို့အားတည်ဆောက်ခဲ့ပြီး၊မြေပြင်ခုံးကျော်တံတားတစ်ခုအနေဖြင့် တာမွေအဝိုင်းထိပ်ခုံးကျော်တံတားသစ်ကိုလည်း ၂ဝ၁၅ ခုနှစ်၊သြဂုတ်လ ဒုတိယပတ်တွင် စတင်အကောင်ထည်ဖော်ဆောင်ရွက်နေ ပြီဖြစ်သည်။

သြဂုတ်လအတွင်း ဖွင့်လှစ်ခဲ့သောအင်းစိန်ခုံးကျော်တံတားဟောင်း၌ ခရီသွားပြည်သူများ နေ့စဉ်ကြုံတွေ့နေရသော ယာဉ်ကြောကျပ်တည်းမှုပြသနာကို တစ်ဖက်တစ်လှမ်းမှထိရောက်စွာဖြေရှင်းပေးနိုင်ရေးအတွက် ၂ဝ၁၄ ခုနှစ်မှစတင်တည်ဆောက်ခဲ့ပြီး လက်ရှိတံတားဟောင်း၏တောင်ဖက်တွင်တည်ဆောက်ခြင်း ဖြစ်ပြီး ၊တံတားအရှည်မှာနှစ်လမ်းသွားဖြင့် ပေ ၁၅၅၇ နှင့် လက်တက်တံတားတစ်လမ်းသွား၆ဝ၃ ပေ စုစုပေါင်းတံတားအရှည်၂၁၆ဝ ပေရှိပြီး၊၂ဝ၁၅ ခုနှစ်သြဂုတ်လတွင် အောင်မြင်စွာဖွင့်လှစ်အသုံးပြုနိုင်ခဲ့သည်။

မော်တော်ယာဉ်တင်သွင်းမှုအရှိန်အဟုန်မြင့်မားခဲ့သော ၂ဝ၁၂-၂ဝ၁၃-၂ဝ၁၄ ခုနှစ်များတစ်လျှောက်တွင် ရန်ကုန်မြို့တွင်အသုံးပြုလည်ပတ်နေသော ယာဉ်အစီးရေမှာ ရှစ်သိန်းနီးပါးရှိကြောင်းနှင့် အဆိုပါယာဉ်ပါများထူထပ်လာမှုကြောင့် ချောင်ကူးတံတား၊ မီးရထားခုံးကျော်တံတား၊ ယာဉ်ထူထပ်သောလမ်းဆုံလမ်းခွများတွင် ခုံးကျော်တံတားထိုးခြင်းနှင့်လူကူးခုံကျော်တံတားသစ်များကိုပါတည်ဆောက်လျက်ရှိသည်။

ရန်ကုန်မှာလှည်းတန်းခုံးကျော ်တံတားက ပထမဆုံးတည်ဆောက်တာပါ။ ဒုတိယတံခါးကတော့ဘုရင့်နောင်ခုံကျော်တံတားဖြစ်ပြီး၊ တတိယခုံကျော်တံတားက ရွှေဂုံတိုင်ခုံးကျော်တံတားနဲ့ မြေနီကုန်းခုံကျော်တံတားတို့ဖြစ်တယ်။အဲ့ဒီခုံကျော်တံတားထိုးတဲ့ နေရာတော်တော်များများက ယာဉ်ကြောကျပ်တည်းမှုလျှော့ကျပါတယ်။ အခုတည်ဆောက်နေတဲ့ တာမွေအဝိုင်းထိပ်ခုံးကျော်တံတားကလည်း တံတားတည်ဆောက်စဉ်မှာတော့ ယာဉ်ကြောကျပ်တည်းမှုတွေကို အရင်ကထက်ပိုပြီးတော့ခံစားရမှာပါ။ တံတားမပြီးမချင်းပေါ့ ဟု ရန်ကုန်မြို့တွင်းအငှားယာဉ်မောင်း ကိုစိုးနိုင်ကပြောပါသည်။

ခုံးကျော်တံတားသစ်များတည်ဆောက်ပါက အဆိုပါခုံးကျော်တံတားသစ်များရှိရာ လမ်းမများတွင် ယာဉ်ကြောရှင်းလင်းမှုနှင့် ဘတ်စ်ကားများပြေးဆွဲမှုများအတွက် ပိတ်ဆို့မှုများ မဖြစ်ပွားစေရန်အတွက်သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် မ.ထ.သ အဖွဲ့စည်းများဖြင့် စည်းကမ်းထိန်းသိမ်းခြင်း၊လမ်းတစ်လျှောက် လမ်းရှောင်မောင်းနှင်မှုများကို ကြေညာပေးသွားရမည်ဖြစ်သည်။ သို့သော် ခုံးကျော်တံတားသစ်များ တည်ဆောက်သည့်နေရာတစ်လျှောက် နေ့စဉ်သွားလာလှုပ်ရှားနေကြသောအများပြည်သူများအတွက် အဆင်ပြေနိုင်မည်ဖြစ်သည်။

29.8.2015 ရက်နေ့ထုတ် Auto Car ဂျာနယ်မှ ကူးယူဖော်ပြသည်.။

www.carsdb.com

No. 1 Car Site in Myanmar

Author