စက်သုံးဆီတစ်လီတာ ကျပ်တစ်ထောင်အောက်ထိ ဈေးချရောင်းရန် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းမှ မေတ္တာရပ်ခံ

0

Full article

လက်ရှိရောင်းချပေးနေသော ရန်ကုန်စက်သုံးဆီဈေးထက် အထိုင်ဈေး စက်သုံးဆီတစ်လီတာ ကျပ်တစ်ထောင်အောက်ထိ ဈေးချရောင်းရန် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းမှ မေတ္တာရပ်ခံထားကြောင်း မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ပြောကြားခဲ့ပါသည်။

"စက်သုံးဆီ ဈေးနှုန်းကို ကျနော်တို့က ဘယ်ဈေးနဲ့ ရောင်းဆိုပြီးတော့ မသတ်မှတ်ပါဘူး။ သူ့ဟာသူ ဝယ်လိုအား နဲ့ ရောင်းလိုအားပေါ် မူတည်ပြီးတော့ ဈေးကွက်ထဲမှာ လွတ်လွတ် လပ်လပ်နဲ့ သတ်မှတ်ပြီးတော့ ရောင်းချနေတာကို ခွင့်ပြုနေတယ်။ ပြီးခဲ့တဲ့ဈေးနဲ့ စာရင်တော့ အခုဒါ ကျသွားပြီပေါ့နော်။ ရန်ကုန် အထိုင်ဈေး ၁ထောင်အောက်ကို ချဖို့ အတွက် လုပ်ငန်းရှင်တွေ အားလုံးကိုလည်း ကျနော်တို့ မေတ္တာရပ်ခံထားတာ ဒီမနက်ပဲ ကျနော့ ဆီကို စာ မိတ္တူတွေဝင်လာတယ်။ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ဖြနု့်ဖြူး ရောင်းချရေး အသင်းကနေပြီးတော့ ရောင်းနေတဲ့ သူတွေကို မေတ္တာရပ်ခံတာပါ" ဟု မြန်မာ့ရေနံထွက်ပစ္စည်း ရောင်း ဝယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြောဆိုခဲ့သည်။

လက်ရှိပြည်တွင်းတွင်ရောင်းချပေးနေသောစက်သုံးဆီဈေးနှုန်းကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြစ်စေရန်အတွက် အချင်းချင်းထိန်းညှိသည့် ပုံစံဖြင့် ဆောင်ရွက်နေရာ လက်ရှိ စက်သုံးဆီပေါက်ဈေးသည်ပြီးခဲ့သည့်ကာလဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါ ကဈေးနှုန်းစတင်ကျဆင်းနေပြီဖြစ်၍ နောင်တွင်လည်း ထပ်မံကျဆင်းသွားဦးမည်ဟု မျှော်မှန်းထား ကြောင်းသိရသည်။

စက်သုံးဆီဈေးနှုန်းများကို လက်ရှိဈေးနှုန်းထက်ကျပ်တစ်ထောင်အောက်သို့ ဈေးချရောင်းချရန်မေတ္တာရပ်ခံသည်မှာ ရန်ကုန်အထိုင်ဈေးကွက်၌ ဈေးချခြင်းဖြစ်သဖြင့် ရန်ကုန်မဟုတ်သော အခြားပြင်ပ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်မှု ဈေးနှုန်းကွာဟမှုရှိနိုင်ကြောင်း သိရသည်။

"ကြေညာတာက ရန်ကုန် အထိုင်ဈေးနဲ့ကြေညာတာ ဖြစ်တဲ့အတွက် ကျန်တဲ့ မန္တလေး၊ မြစ်ကြီးနား၊တောင်ကြီး ဆိုရင်သယ်ယူပို့ဆောင်စရိတ်လေးတွေရှိတော့ ဈေးကတော့ကွာဟသွားမှာ ဖြစ်ပါတယ်။ စင်ကာပူဈေးကွက်ဈေးကျလို့ ဈေးလိုက်ကျတာလည်း မှန်ပါတယ်။ 92 က ကျနော်ထင်တယ်။ ၉၉ဝ၊ ၉၈ဝ အဲ့လောက်ဖြစ်နေတယ်။ ရန်ကုန်ကနေပြီးတော့ တခြားနယ်တွေ ဆို ဈေးကွာတယ်။စက်သုံးဆီ ဈေးနှုန်းနဲ့ပတ်သက်လို့ စက်သုံးဆီ တင်သွင်း ဖြန့်ဖြူးရောင်းချရေး အသင်းက ဒီစက်သုံးဆီတင်သွင်းရောင်းချနေတဲ့ သူတွေကို သူတို့ အချင်းချင်း ထိန်းညှိယူဖို့ မေတ္တာရပ်ခံပြီး ညှိနှိုင်းပြီးဆောင်ရွက်နေပါတယ်။"ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားခဲ့သည်။

Market

Author