Mitsubishi Motors Mandalay ၏ 3S Showroom အသစ်ဖွင့်ပွဲနှင့် Xpander အသစ် မိတ်ဆက်ပွဲ မန္တလေးမြို့၌ကျင်းပ

0

Full article

Mitsubishi Motors Mandalay ၏ 3S Showroom အသစ် ဖွင့်လှစ်ခြင်းနှင့် Xpander အသစ်မိတ်ဆက်ခြင်းကို စက်တင်ဘာလ ၂၇ ရက်နေ့တွင် မန္တလေးမြို့၊ ၆၂ လမ်း၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြား၊ မနော်ရမ္မံကွင်း မျက်စောင်းထိုး၊ မဟာအောင်မြေမြို့နယ်၌ ညနေ ၆ နာရီမှ ည ၉ နာရီအတွင်း ကျင်းပခဲ့သည်။

3S Showroom ဖွင့်ပွဲနှင့်အတူ Mitsubishi Motors Myanmar ၏ နောက်ဆုံးထုတ်ကုန်ဖြစ်သော Xpander အသစ်ကို မန္တလေးမြို့၌မိတ်ဆက်ပွဲပြုလုပ်ခဲ့သည့်အပြင် AttrageL200 နှင့် Pajero Sport စသည့် Mitsubishi ၏ ကားသစ်များစွာကိုလည်း ထည့်သွင်းပြသသွားခဲ့သည်။

Mitsubishi Xpander အသစ်သည် လူ ခုနစ်ယောက်စီး MPV ကားတစ်စီးဖြစ်သောကြောင့် နေရာကျယ်ကျယ်ဝန်းဝန်းရှိပြီး Crossover Design ဖြစ်သည့်အတွက် ground clearance မြင့်မားသောကားတစ်စီးဖြစ်၏။ 2WD ကားတစ်စီးဖြစ်ပြီး အမြင့်ဆုံးပါဝါထုတ်လွှတ်မှုအနေဖြင့် 103hp အထိရရှိနိုင်သော 1.5-litre ဓါတ်ဆီအင်ဂျင်တပ်ဆင်ထားသည့် ကားဖြစ်သည်။ (Xpander အသစ် အသေးစိတ်အချက်အလက်နဲ့ သုံးသပ်ချက်ကိုတော့ Redline Media ရဲ့ Mitsubishi Xpander Review မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။)

မန္တလေးမြို့၌ကျင်းပခဲ့သော Mitsubishi Motors Mandalay ၏ 3S Showroom အသစ်ဖွင့်လှစ်ခြင်းနှင့် Xpander မိတ်ဆက်ပွဲအခမ်းအနားတွင် Mitsubishi Motors Myanmar ၏ Brand Ambassadors များဖြစ်ကြသော ဂရေဟမ်နှင့် ပန်းရောင်ခြယ်မိသားစုလည်းတက်ရောက်ခဲ့ပြီး မီဒီယာများနှင့် စည်းကားသောပွဲတစ်ပွဲလည်းဖြစ်သည်။

Author