မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးအဖွဲ့ (NSSA) မှ မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ(၂၀၂၀) အတွက် သတင်းစာရှင်းလင်းပွဲကျင်းပ

0

Full article

(၁၃) ကြိမ်မြောက် အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲတွင် Automobile Technology အပါအဝင် အလုပ်အကိုင်(၆)မျိုး သွားရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးအဖွဲ့ (NSSA) မှ ကြီးမှူးကျင်းပသည့် မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ(၂၀၂၀) အတွက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ၊ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ Sakura Hotel ၌ ကျင်းပခဲ့သည်။


Automobile Technology အပါအဝင် Refrigeration and Air- Condition , Electrical  Installation , Restaurant Service , Cooking , Hair Dressing စသည့် အလုပ်အကိုင် (၆) မျိုးကို လာမည့် (၁၃) ကြိမ်မြောက် အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့ကျွမ်းကျင်မှုပြိုင်ပွဲကို မြန်မာနိုင်ငံလုပ်သားများ “စံ” သတ်မှတ်ရေးအဖွဲ့ (NSSA) မှ ကြီးမှူးကာ မြန်မာ့ကျွမ်းကျင်မှုပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်သည်။ သတင်းစာရှင်းလင်းပွဲတွင် NSSA ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်မှ အမှာစကားပြောကြားခဲ့ပြီး ဆာကူရာလုပ်ငန်းစုမှ ဦးဌေးအောင်မှ မြန်မာ့ကျွမ်းကျင်မှုပြိုင်ပွဲ (၂၀၂၀) ကျင်းပရန်အတွက် ပြင်ဆင်မှုများကိုပြောကြားခဲ့သည်။ ထို့နောက် Suzuki Motor ၏ Managing Director Mr. Keiichi Asano နှင့် PSWM Co.,Ltd ၏ EC ဦးပြည့်စုံဝင်းနိုင် တို့မှ မြန်မာ့ကျွမ်းကျင်မှုပြိုင်ပွဲ(၂၀၂၀) တွင် ပါဝင်ပူးပေါင်းဆောင်ရွက်ရသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆီယံကျွမ်းကျင်မှုပြိုင်ပွဲ၌ Automobile Technology တွင် Euro , Korea , china  ,Japan နိုင်ငံထုတ် ကားများဖြင့်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း Automobile Technology ပိုင်းတွင်တာဝန်ယူထားသော ဦးအောင်ကျော်လင်းမှ ပြောကြားခဲ့သည်။


အာဆီယံအဆင့် ကျွမ်းကျင်မှုပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် စင်ကာပူနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြိုင်ပွဲဝင်များရရှိရေးအတွက် မြန်မာ့ကျွမ်းကျင်မှုပြိုင်ပွဲ(၂၀၂၀) ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၅ ရက် နှင့် ၂၆ ရက်နေ့များတွင် ရန်ကုန်မြို့ တပ်မတော်ခန်းမ နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

Author