၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံတွင် ပြည်ပတင်သွင်းမော်တော်ယာဉ် အစီးရေ ၂,၉၀၀ ကျော်နှင့် ပြည်တွင်းထုတ် SKD ယာဉ်စီးရေ ၂,၂၀၀ ကျော် မှတ်ပုံတင်ခဲ့

0

Full article

၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံတွင် ပြည်ပတင်သွင်းမော်တော်ယာဉ် အစီးရေ ၂,၉၀၀ ကျော်နှင့် ပြည်တွင်းထုတ် SKD ယာဉ်စီးရေ ၂,၂၀၀ ကျော် မှတ်ပုံတင်ခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကနဦး) ထံမှသိရသည်။

၂၀၁၉ခုနှစ် ဒီဇင်ဘာလအထိ စာရင်းများအရ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၌ ကနဦးမှတ်ပုံတင်ရာတွင် ပြည်ပတင်သွင်းမော်တော်ယာဉ်စီးရေ ၂,၉၄၁ စီးရှိခဲ့ပြီး လူစီးယာဉ် ၁,၅၂၅ စီး၊ ခရီးသည်တင် ၁၃၇ စီး၊ ကုန်တင်ဝန်ပေါ့ယာဉ် ၉၆၂ စီး၊ ကုန်တင်ဝန်လေးယာဉ် ၂၂၂ စီးနှင့် အခြားယာဉ်စီးရေ ၆၈ စီးတို့ မှတ်ပုံတင်ခဲ့ကြောင်းသိရသည်။ ထို့အပြင် ၂၀၁၉ ခုနှစ်အတွင်း ပြည်တွင်းထုတ် SKD ယာဉ်စီးရေ ၂,၂၆၆ စီးမှတ်ပုံတင်ခဲ့ပြီး လူစီးယာဉ် ၂,၀၁၉ စီး၊ ခရီးသည်တင် ၄ စီး၊ ကုန်တင်ဝန်ပေါ့ယာဉ် ၂၄၂ စီး နှင့် အခြားယာဉ် ၁ စီးတို့ အသီးသီးမှတ်ပုံတင်ခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကနဦး) ထံမှသိရသည်။ ထို့အပြင် ပြည်ပတင်သွင်းနှစ်ဘီးတပ်ယာဉ် ၅၀,၆၉၆ စီး၊ ပြည်တွင်း SKD စနစ်ဖြင့်ထုတ်လုပ်သော နှစ်ဘီးတပ်ယာဉ် ၆၈၀ စီး မှတ်ပုံတင်ခဲ့ကြောင်းသိရသည်။


၂၀၁၉ ဒီဇင်ဘာလအထိစာရင်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် မှတ်ပုံတင်ထားသော မော်တော်ယာဉ်စီးရေ ၁,၁၀၈,၂၁၀ စီးရှိနေပြီး လူစီးယာဉ်အရေအတွက်မှာ ၅၆၃,၉၃၄ စီးရှိကာ မှတ်ပုံတင်ထားသော နှစ်ဘီးတပ်ယာဉ်ပေါင်း ၆,၀၆၉,၃၀၀ စီးရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ထံမှသိရသည်။

Author