Delivery van အုပ်စု (ဂ)ကားများ 1/4 AV နှင့် အုပ်စု (ဃ)ကားများ 1/AV ဒဏ်ကြေးသတ်မှတ် ID ဖွင့်လှစ်

0

Full article

ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် လုပ်ငန်းသုံး delivery van ကားများဖြစ်သည့် အုပ်စု (ဂ) ကို ဒဏ်ကြေး 1/4 AV နှင့် အုပ်စု (ဃ) ကို 1/AV လူစီးကားအဖြစ် ဒဏ်ကြေး အဖြစ်သတ်မှတ်ထားရာ အုပ်စု (ဃ)ပါ ယာဉ် ၁၅၉၉ စီး သြဂုတ်လ ၃၁ ရက်အထိ နောက်ဆုံးလုပ်ငန်းဆောင်ရွက်ပေးရန်သတ်မှတ်ထားရှိပြီး မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီသို့တင်ပြထားသည့် စစ်ဆေးရန်ကျန်ရှိသော မော်တော်ယာဉ်စာရင်းမှအပ ထပ်မံတိုးမြင့်စစ်ဆေးရန် တင်ပြခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန် ကြေညာချက်အရ သိရသည်။

ပြည်ပမှတင်သွင်းထားရှိသော Delivery Van အုပ်စု( ဂ) ဖြစ်သည့် cargo van၊ light van ကားများ တင်သွင်းခြင်းကို ဒဏ်ကြေးသတ်မှတ်ထားမှုအပေါ် ဖြေလျှော့ပေးပါရန် တင်ပြလာခြင်းကိစ္စနှင့်ပက်သတ်၍ အုပ်စု (ဂ) အတွက်ဒဏ်ကြေးသတ်မှတ်ထားမှုအား 1/2 AV အစား 1/4 AV ဖြင့် ဆောင်ရွက်၍ အကောက်ခွန်ဦးစီးဌာန နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန၏ သတ်မှတ်လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခကောက်ခံခြင်းနှင့် ယာဉ်မှတ်ပုံတင်ခြင်းအတွက် လုပ်ငန်းသုံးယာဉ်အုပ်စု အခွန်နှုန်းထား အတိုင်းသတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

အုပ်စု ဃ ဖြစ်သော လူစီးအုပ်စုဝင် မော်တော်ယာဉ်များနှင့်ပတ်သက်၍ မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၂/၂ဝ၁၈) အရ လူစီးယာဉ်အဖြစ်သတ်မှတ်၍ Type ကွဲလွဲခြင်းအတွက် ဒဏ်ကြေး 1/AV သတ်မှတ်ကာ အကောက်ခွန်ဦးစီးဌာန နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန၏သတ်မှတ်လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်ပတင်သွင်းယာဉ်ခ မှတ်ပုံတင်ခကောက်ခံခြင်းနှင့် ယာဉ်မှတ်ပုံတင်ခြင်းအတွက် လူစီးယာဉ်အုပ်စု အခွန်နှုန်းထား အတိုင်းသတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ အသိပေးကြေညာထားရှိသည်။

Breaking News

Author