ချလံဖြတ်ဖမ်းဆီးထားသော ကုန်သေတ္တာယာဉ် အစီး ၆ဝ ၏ ယာဉ်မောင်းလိုင်စင်များကို ပြန်လည်ရွေးယူပေးမည်

0

Full article

ရန်ကုန်တိုင်းအတွင်းကုန်သေတ္တာယာဉ်များ မောင်းနှင်သွားလာမှုကို ည ၉ နာရီမှ နံနက် ၆ နာရီ သတ်မှတ်ထားခဲ့ရာတွင် ထိုသတ်မှတ်ချိန်မဟုတ်ဘဲ မောင်းနှင်ခဲ့သော ကုန်သေတ္တာယာဉ်အစီး ၆ဝ ၏ ယာဉ်မောင်းလိုင်စင်များကို ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ချလံဖြတ်ဖမ်းဆီးထားခဲ့ရာ အဆိုပါလိုင်စင်များကို ကုန်သေတ္တာ အသင်းက ပြန်လည်ရွေးယူပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သေတ္တာတင်သယ်ယူပို့ဆာင်ရေးလုပ်ငန်းရှင်များအသင်းထံကနေ သိရသည်။

ရန်ကုန်တိုင်းအတွင်း ကုန်သေတ္တာယာဉ်များ မောင်းနှင်သွားလာမှုများကို ည ၉ နာရီမှ နံနက် ၆ နာရီ သတ်မှတ်ထားခဲ့၍ ကုန်တင်ယာဉ်မောင်းများက ဆန္ဒပြ တောင်းဆိုမှုများကြောင့် အချိန်တစ်နာရီစော၍ ည ၈ နာရီမှစ၍ နံနက် ၆ နာရီအထိ မောင်းနှင်သွားလာခွင့်ပြန်လည်ခွင့်ပြု ပေးခဲ့သည်။

ထို့အပြင် နေ့လည် ကုန်သေတ္တာယာဉ်များသွားလာခွင့်များကို နံနက် ၁၁ နာရီက နေ့လည် ၃ နာရီအထိမောင်းနှင်ခွင့်ပေးရန် ရန်ကုန်တိုင်အစိုးရအဖွဲ့သို့ တင်ပြတောင်းဆိုထားရှိကြောင်း သိရပါသည်။

"အရင်ရက်တွေက ကုန်သေတ္တာကားအစီး ၆ဝ ကို ချလံဖြတ်ဖမ်းဆီးထားတဲ့ကားတွေကို အသင်းအနေနဲ့ လိုင်စင်တွေပြန်ရွေးယူပေးဖို့လုပ်ဆောင်ပေးသွားမယ်။အသင်းရန်ပုံငွေထဲက စိုက်ပြီး လိုင်စင်ပြန်ရွေးပေးပါမယ်။"လို့ မြန်မာနိုင်ငံကုန်သေတ္တာတင်သယ်ယူပို့ဆာင်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးသန်းလွင်ကပြောကြားသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနှင်ကု့ န်သေတ္တာယာဉ်များသတ်မှတ်ထားသောအချိန်အတွင်း သွားလာမှုအဆင်ပြေစေရန်နှင့် ကမ်းနားလမ်းတစ်လျှောက်နှင့် စံပြငါးဈေးနှင့် သီရိမင်္ဂလာဈေးများတွင် ယာဉ်ကြောပိတ်ဆို့မှုများမဖြစ်ပေါ်စေရန် ယာဉ်ရှင်းလင်းဖယ်ရှားမှုများပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Institution, Law Enforcement

Author