Full article

ဘဏ်အကောင့် အတုလုပ်ပြီး မော်တော်ယာဉ်တင်သွင်းခွင့် ပါမစ် လျှောက်ထားသူများကို စိစစ်တွေ့ရှိခဲ့ကြောင်း 'စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန'မှ သိရှိ ရသည်။

Car-Import-From-Thailand-300x199

မော်တော်ယာဉ်တင်သွင်းသူ အချို့သည် ပြည်ပမှ ကားများကို ဝယ်ယူရန်အတွက် အမှန်တကယ် နိုင်ငံခြားငွေစာရင်းမပြုလုပ်ဘဲ စာရွက်စာတမ်း အတုများဖြင့် ပါမစ် လျှောက်ထား သူများ ရှိနေသည်။ နိုင်ငံခြားငွေစာရင်း ပြုလုပ်ရာတွင် အစိုးရဘဏ်များဖြစ်သည့် MICB နှင့် MFTB ဘဏ်တို့၌ ဘဏ်စာ အုပ်စနစ်ကျင့်သုံးသောကြောင့် အတု ပြုလုပ်၍မရပေ။ သို့သော် ပုဂ္ဂလိကဘဏ်များ၌ ဘဏ်ချလန်ကို အသုံးပြုသောကြောင့် ကားတင်သွင်းသူ အချို့က အမှန်တကယ်ငွေစာရင်း မဖွင့်လှစ်ဘဲ အတုပြု လုပ် နေကြောင်း ကားတင်သွင်းသူတစ်ဦး ထံမှ သိရသည်။ ဘဏ်အကောင့် အတုဖြင့် မော်တော်ယာဉ်တင်သွင်းခွင့် ပါမစ်များကို စိစစ်တွေ့ရှိခဲ့ခြင်းနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက "ဘဏ်အကောင့် အတုပြုလုပ်ပြီး မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ် လျှောက်ထားသူတွေကို စိစစ်တွေ့ရှိခဲ့ပါတယ်၊ MFTB နဲ့ MICB တို့မှာ နိုင်ငံခြားငွေစာရင်းဖွင့်ရင် ဘဏ်စာအုပ်ပြုလုပ်ပေးတဲ့အတွက် ခိုင်မာမှုရှိပါတယ်၊ ပုဂ္ဂလိကဘဏ်တွေကတော့ Statement နဲ့ ထုတ်ပေးပါတယ်၊ ဘဏ်တွေမှာ ငွေတကယ်ထည့်ရင်တော့ Statement အစစ်နဲ့ထုတ်ပေးမှာ ဖြစ်ပါတယ်၊ ဌာနအနေနဲ့ကလည်း ဘဏ်တွေဆီကလာတဲ့ Statement တွေကို လက်ခံပေးရမှာ ဖြစ်ပါတယ်၊ ဒါပေမဲ့ တစ်ရက်ကို ပါမစ်အစောင် သုံးရာလောက်ထုတ်ပေးရပြီး အချိန်မီလုပ်ပေးမှ ကျေနပ်ကြတဲ့အတွက် အကုန်လုံးကိုတော့ စိစစ် မပေးနိုင်ပါဘူး၊ ဒါကြောင့် အားနည်းချက်တွေရှိလာခဲ့ပြီး အခွင့်အရေးသမားတချို့က ဟာကွက်အပေါ်မှာ လုပ်စားသွားကြတာ ဖြစ်ပါတယ်၊ ဒီဖြစ်စဉ်က ဌာနနဲ့ မဆိုင်သလို ဘဏ်တွေနဲ့လည်း မဆိုင်ပါဘူး၊ ဘဏ်အကောင့်အတု လုပ်တဲ့သူတွေကို အရေးယူဖို့ဆိုတာ နှစ်ချက်ရှိပါတယ်၊ အကောင့်ဖွင့်တဲ့သူကိုပဲ အရေးယူမလား၊ ကုမ္ပဏီကိုပဲ အရေးယူမလားဆိုတာ စဉ်းစားရကျပ်နေပါတယ်၊ မှတ်ပုံတင်ငှားပြီး သောင်းဂဏန်းလောက်ပဲရတဲ့သူတွေကို အရေးယူမယ်ဆိုရင် မဖြစ်သင့်သလို၊ ကုမ္ပဏီကို အရေးယူ မယ်ဆိုရင်လည်း ထွက်ပြေးတိမ်းရှောင်သွားမှာဖြစ်ပါတယ်၊ ဒါကြောင့် အရေးယူဖို့ ဆိုတာထက် ပြဿနာအရင်းအမြစ်ကို စဉ်းစားရမှာဖြစ်ပါတယ်"ဟု ၎င်း၏ အမြင် ကို သုံးသပ်ပြောဆိုခဲ့သည်။

Ref: Automobile

Author