ဖေဖော်ဝါရီလမှ စတင်ကာ မူသေနံပါတ်ရယူခြင်းအတွက် (၂၁)ရက်ကျော်လွန်ပါက တစ်ရက်လျှင် ကျပ် (၃ဝဝဝ)နှုန်းဖြင့် ကောက်ခံမည်ဖြစ်ရာ ကျပ်တစ်သိန်းအထိ ဒဏ်ငွေဆောင်ပြီး ရက်အကန့်အသတ်မရှိ မူသေနံပါတ်မရယူဘဲ ထားရှိခြင်းများမရတော့သည့်အတွက် ယခင်တင်သွင်းထားပြီးသော ကားများအတွက် အမြန်ဆုံး မူသေနံပါတ်ရယူနေရကြောင်း ကားကုမ္ပဏီတစ်ခု၏ မန်နေဂျင်းဒါရိုက်တာတစ်ဦးက ပြောပြခဲ့သည်.။
MyanmarCarsDB တွင်တင်ထားသော ကားကြော်ငြာများကြည့်ရန်
အသစ်လျှောက်ဖို့ကို ဘာမှမစဉ်းစားနိုင်သေးဘူး.။ တော်တော်များများက အရင်သွင်းထားတဲ့ကားတွေကို မူသေနံပါတ်ယူဖို့ လုပ်နေကြရတယ်.။ အရင်လို ဒဏ်ငွေတစ်သိန်းဆောင်ပြီး ရက်အကန့်အသတ်မရှိ ထားလို့မရတော့ တစ်ရက် (၃ဝဝဝ)ဆို တော်တော်ထိမှာ.။ အဲဒါကြောင့် ကားတွေကို အရင်ရှင်းဖို့ပဲလုပ်နေရတယ် ဟုပြောပြခဲ့သည်.။
ကားဟောင်းအပ်စလစ်နှင့် တင်သွင်းမှုများအတွက် ကားပါကင်ထောက်ခံချက် မလိုအပ်သော်လည်း သိသာစွာအရောင်းအဝယ် ဖြစ်မလာဘဲ Free Permit ဖြင့်တင်သွင်း၍ ပါမစ်လျှောက်ထားမှုလည်း နည်းပါးကြောင်းသိရသည်.။ Free Permit ဖြင့် တင်သွင်း၍ ပါမစ်စတင်လျှောက်ပါက ကားပါကင်ထောက်ခံချက် ရယူရမည်ဖြစ်ပြီး အဆိုပါထောက်ခံချက်ဖြင့် ပါမစ်လျှောက်ထားရမည်ဖြစ်ကာ ပါမစ်ရရှိသည့် ရက်စွဲမှာ သင်္ဘောဆိုက်ကပ်သည့်ရက်စွဲထက် နောက်ကျ၍မရခြင်းကြောင့် အဆင့်များစွာ ခက်ခဲကြန့်ကြာလာကြောင်း လေလံကုမ္ပဏီပိုင်ရှင်တစ်ဦးက ပြောသည်.။
လက်ထဲမှာ ကျန်တဲ့ကားတွေကိုပဲ ရောင်းဖို့လုပ်နေရတယ်.။ ကားပါကင်ထောက်ခံချက်မလိုတဲ့ စလစ်ကပ်ကားဈေးကွက်ကလည်း သိသိသာသာကြီးမပြောင်းဘူး.။ ပုံမှန်ပဲ.။ ပါမစ်လျှောက်ဖို့က တော်တော်စဉ်းစားနေရတယ်.။ အဆင့်တွေအများကြီးပဲ.။ မလျှောက်ကြသေးတာ များတယ် ဟုရှင်းပြသည်.။
Heavy Truck ကားများအတွက် ကားပါကင်ထောက်ခံချက်တောင်းယူရမည်ဖြစ်ပြီး (၁ဝ)ပေ x (၂၈)ပေ အကျယ်အဝန်းသတ်မှတ်ထား၍ တင်သွင်းရန်ပါမစ် မည်ကဲ့သို့လျှောက်ထားရမည်မှာ မှန်းဆမရနိုင်ကြောင်း Truck ကားကုမ္ပဏီပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်.။
ဂျစ်တူး
ဇန်နဝါရီ (၂၃) – (၂၉) – ၂ဝ၁၅ ထုတ် Auto World Journal မှ ကူးယူဖော်ပြပါသည်.။
www.myanmarcarsdb.com