Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်အစီးရေ သုံးသိန်းခွဲကျော်ရှိရာ ခုနစ်ပုံတစ်ပုံမှာ အငှားများဖြစ်ကြောင်း 'ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန'မှ သိ ရှိရသည်။

ADVANCE FOR USE MONDAY, APRIL 29, 2013 AND THEREAFTER - A taxi with 969 logos on the windshield stops for a passenger in Yangon, Myanmar on March 31, 2013. (AP Photo/Gemunu Amarasinghe) ADVANCE FOR USE MONDAY, APRIL 29, 2013 AND THEREAFTER – A taxi with 969 logos on the windshield stops for a passenger in Yangon, Myanmar on March 31, 2013. (AP Photo/Gemunu Amarasinghe)

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ယန္တရားများ၊ ဘတ်စ်များ၊ မော်တော် ဆိုင်ကယ်များအပါအဝင် ယာဉ်အစီးရေ ငါးသိန်း ကျော်ကို မှတ်ပုံ တင်ပြုလုပ်ပေးရာတွင် လူစီးယာဉ်မှာ ၃၆ဝ,ဝဝဝ ကျော်အထိ ပါဝင်နေသည်။ ထိုလူစီးယာဉ်များထဲတွင် အငှားယာဉ်အရေအတွက်မှာ ၄၇çဝဝဝ ကျော်အထိ ပါဝင်ပြီး AA ၊ BB ၊ CC ၊ DD အက္ခရာဖြင့် အစီးရေ ၂၇,ဝဝဝ ကျော်ရှိသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း YGN (ရန်ကုန်လိပ်စာ) အငှားယာဉ်အစီးရေ ၄၇,ဝဝဝ ကျော် ရှိသည်ဖြစ်ပြီး နယ်လိပ်စာ အငှားယာဉ်များပါဝင်ပါက အစီးရေ ခြောက်သောင်းကျော်အထိ ရှိလာမည်ဖြစ်သည်။ ရန်ကုန်မြို့အတွင်း အငှားယာဉ်များ တိုးပွားလာသည်နှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက "မြို့တစ်မြို့ရဲ့အကျယ်အဝန်း၊ လူဦးရေ၊ စက်သုံးဆီအခြေအနေ၊ မော်တော်ယာဉ် အစီးရေ တွေအပေါ် မူတည်ပြီး ရှိသင့်တဲ့အငှားယာဉ်အစီးရေကို ထိန်းချုပ်သင့်ပါတယ်၊ အငှားယာဉ်အစီးရေ တိုးချဲ့မယ်ဆိုရင်လည်း မြို့အနေအထား ကျယ်ဝန်းလာမှ အဆင်ပြေမှာ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။ ၂ဝ၁၄ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုင်းဒေသကြီးပါမစ်ဖြင့် အငှားယာဉ်ပါမစ်များ ထုတ်ပေးခြင်းကို ခေတ္တရပ် ဆိုင်းထားပြီး မြို့အနေအထားနှင့်အခြားအခြေအနေ အရပ်ရပ်များကိုတွက်ချက်ပြီးမှသာ ပါမစ်များပြန်လည်ထုတ်ပေးဖွယ်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

Ref: Automobile

Author