Full article

မော်တော်ယာဉ်အရောင်းပြခန်းများတွင် ၂ဝ၁၂ မော်ဒယ်လ်ယာဉ်များကို ဝယ်သူအမည်ပေါက်ဖြင့် တရားဝင်ရောင်းချခွင့်ပြုရန် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်ရေးကော်မတီက စီစဉ်နေကြောင်း မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ကုန်သည်လုပ်ငန်းရှင်များအသင်း အကြီးတန်းအရာရှိတစ်ဦးမှ ပြောကြားသည်။

0000-2012-bmw-3-series-1318619011-500x333

လက်ရှိတွင် ပြည်ပမှအသုံးပြုပြီး ၁၉၉၇ မှ ၂ဝဝ၈ မော်ဒယ်လ် တစ်ပတ်ရစ်မော်တော်ယာဉ်များကို အပ်ကုန်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုထားခြင်းဖြစ်ပြီး ၂ဝဝ၈ မော်ဒယ်လ်မော်တော်ကားများကိုမူ အခြားလူများ၏ အမည်ဖြင့် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်တင်သွင်းရောင်းချနေခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရှိရသည်။

၂ဝ၁၂ မော်ဒယ်လ်ယာဉ်များကို မော်တော်ယာဉ်အရောင်းပြခန်းများက Letter Of Credit စနစ်ဖြင့် အရောင်းပြခန်းတစ်ခုကို တစ်ကြိမ်လျှင် အစီး ၅ဝ ခန့် တင်သွင်းရောင်းချခွင့်ပြုမည်ဖြစ်ပြီး အမည်ပျက်ရှိသည့်ကုမ္ပဏီများနှင့် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ၏ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာသည့် အရောင်းပြခန်းများကိုမူ အစီး ၅ဝ အပြည့် တင်သွင်းခွင့်ပြုမည်မဟုတ်ကြောင်း ယင်းအသင်း အကြီးတန်းအရာရှိက ပြောကြားသည်။

မော်တော်ယာဉ်ဝယ်ယူသူများက မော်တော်ယာဉ်တင်သွင်းခွင့်ပါမစ်လျှောက်ကာ အရောင်းပြခန်းများတွင် ၂ဝဝ၈ မော်ဒယ်လ်နှင့်အထက် မော်ဒယ်လ်မော်တော်ယာဉ်များကို ဝယ်သူအမည်ပေါက်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

the_voice

The Voice Daily မှ ကူးယူဖော်ပြသည်။

Author