Full article

ပါကင်နေရာပြသရန် မြေနေရာအခက်အခဲရှိသည့် လုပ်ငန်းသုံး အင်ဂျင်ပါဝါမြင့်ကားကြီးများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ ယခုမတ်လအထိ ဝယ်ယူသူမရှိ အရောင်းအဝယ်အေးနေကြောင်း လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်း အတွင်းရှိ ဝါရင့်ကားဝယ်ရောင်းများထံမှ စုံစမ်းသိရှိရသည်.။

ဇန်နဝါရီလကုန်က ဒီလောက်အထိ အရောင်းမအေးဘူး.။ ဝယ်ယူသူရှိတယ်.။ ဖေဖော်ဝါရီလကနေ အခုလထဲအထိ လာရောက်မေးမြန်းသူ မရှိသလို အရောင်းအဝယ်လဲ အေးနေတယ် ဟု လှိုင်ယာဉ်ရောင်းဝယ်ရေး စခန်းမှ လုပ်ငန်းသုံးကားကြီး သီးသန့်အရောင်းအဝယ်ပြုလုပ်သူ ကိုစိန်မြင့်က ပြောသည်.။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအစပိုင်းမှ ယခုမတ်လအထိ တစ်လနီးပါးလာရောက် မေးမြန်းဝယ်ယူခြင်းမရှိသည့် လုပ်ငန်းသုံးကားကြီးများသည် ကားပါကင်ပြသရာတွင် မြေနေရာအကျယ်အဝန်းရရှိရန် မလွယ်ကူသည့်အတွက် ရန်ကုန်ဝယ်လက်များ သိသာစွာ နည်းပါးသွားတာဖြစ်ကြောင်း သိရသည်.။ ကားဝယ်ရောင်းများအနေဖြင့် ယခုနောက်ပိုင်းတွင် ရန်ကုန်ဝယ်လက်ထက် နယ်ဝယ်လက်များကိုသာ အဓိက ရောင်းချရမည့်လုပ်ငန်းသုံး Dyna နှင့် Canter ကားကြီးများကို ငွေကုန်ကျစရိတ် သက်သာစေရန် ရန်ကုန်လိုင်စင်နှင့် မသွင်းတော့ဘဲ ကားပါကင်ပြသရန်မလိုသည့် ပဲခူးတိုင်းအမည်ပေါက်နှင့် နယ်ကျော်ဒဏ်ကြေးပေးဆောင်၍ အရောင်းအဝယ်ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်.။

အောင်မြတ် (AutoCar Buyers' Guide: Volume:1 Issue.17 မှ ကူးယူဖော်ပြပါသည်)

Author