Myanmar Brilliance Auto Co.,Ltd. ရဲ့ Brilliance Auto Launching Event အခမ်းအနားကို Novotel Hotel Yangon Max ၌ကျင်းပပြုလုပ်

0

Full article

BMW ရဲ့နည်းပညာနဲ့အတူ ပြင်တွင်းမှာ SKD စနစ်နဲ့ နိုင်ငံတကာအဆင့်မီ တပ်ဆင်ထုတ်လုပ်မယ့် Brilliance V3 ၊ V6 ၊ V7 Launch အခမ်းအနားကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့၊ ဇွန်လ ၃ဝ ရက်နေ့မှာ Novotel Hotel Yangon Max ၌ ပြုလုပ်ကျင်းပခဲ့ပါတယ်။

Brilliance ဟာ တရုတ်နိုင်ငံမှာတော့ BMW နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကုမ္ပဏီဖြစ်ပြီး Brilliance ကထုတ်လုပ်တဲ့ကားတွေမှာ BMW ရဲ့ နည်းပညာတွေ အများကြီး ပါဝင်ပါတယ်။ အခုထုတ်လုပ်မယ့် V3 ၊ V6 နဲ့ V7 ကားတွေကတော့ ပြည်တွင်းမှာ SKD စနစ်နဲ့ထုတ်လုပ်မှာဖြစ်ပြီး တရုတ်နိုင်ငံက ကျွမ်းကျင်ပညာရှင်တွေနဲ့ မြန်မာနိုင်ငံက ကျွမ်းကျင်ပညာရှင်တွေ ပူးပေါင်းထုတ်လုပ်ထားတယ်လို့လည်း ဆိုပါတယ်။ BMW ရဲ့ နည်းပညာတွေကို အသုံးပြုထားတာဖြစ်တဲ့အတွက် BMW ကားတွေမောင်းနှင်စီးနင်းရသလိုမျိုး ခံစားမှုတွေလည်း ရရှိနိုင်မယ်လို့ဆိုထားပါတယ်။

Brilliance Auto V3 ၊ V6 နဲ့ V7 တွေဟာ SUV အမျိုးအစားတွေဖြစ်ကြပြီး BMW နည်းပညာတွေပါဝင်တဲ့အတွက် ပေးရတဲ့တန်ဖိုးထက် ပိုမိုတဲ့ ထိုက်တန်မှုကိုလည်း ရရှိနိုင်မယ်လို့ဆိုပါတယ်။

Author