Full article

လက်ရှိ မြန်မာပြည်၏ Brand New ကားဈေးကွက်မှာ နှစ်ရှည် အရစ်ကျစနစ်ဖြင့် သွားမှသာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း 'မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်း ဖြန့်ဖြူး ရောင်းချသူများအသင်း'မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

FordMYMe

ပြည်တွင်းသို့ ဝင်ရောက်လာသော Brand New ကားအများ စု၏တန်ဖိုးမှာ အနိမ့်ဆုံး ငွေကျပ် သိန်း ခြောက်ရာဝန်းကျင်တွင်ရှိပြီး နှစ်ရှည် အရစ်ကျစနစ်ဖြင့်ရောင်းမှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ Brand New ကားများမှ ယာဉ်အပို ပစ္စည်းဝယ်ယူပြီးနောက်ပိုင်း ပြင်ဆင်မှုနှင့် ဝန်ဆောင်မှုအပိုင်းတို့မှာ စိတ်ချရသည့်အတွက် လူအများ စုမှာ စိတ်ဝင်စား သဘောကျလျက်ရှိကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။ "မြန်မာပြည်မှာက အသုံးပြုပြီးသား Used ကား များတယ်၊ မြန်မာက ဂျပန်ရဲ့ Used ကားဝယ် ယူမှု နံပါတ်သုံးနေရာမှာ ရှိတယ်၊ အခုဆို Brand New ကားပြခန်း တွေလည်း ပေါနေပြီ၊ အခြေစိုက် ရုံးခန်းတွေလည်း ဖွင့်နေပြီ၊ Brand New က နောက်ပိုင်းမှာ After-sales Service တွေ၊ အပိုပစ္စည်း တွေကလွယ်ကူတော့ လူကြိုက်များတယ်၊ Used ကားတွေမှာက တိုယိုတာတစ်ခုပဲ အဆင်ပြေတာ၊ Brand New က ကားတန်ဖိုးမြင့် တယ်၊ ပုံမှန်ဝင်ငွေရှိတဲ့ လူတွေလည်း မလွယ်ကူဘူး၊ အရစ်ကျစ နစ်နဲ့ဆိုရင်တော့ တော်တော်များများကလည်း ဒါကို မျှော်လင့်နေကြတယ်ဟု အဆိုပါပုဂ္ဂိုလ်က ၎င်း၏အမြင် ကို ဆက်လက်ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာပြည်၏ Brand New ကားဈေးကွက်ကို "မြန်မာပြည်ရဲ့ Brand New ကား ဈေးကွက်က ကျွန်တော့်ကို စိတ်လှုပ်ရှား စေပါတယ်၊ လက်ရှိအထိလည်း ကျွန်တော်တို့ရဲ့ ရောင်းအားကို အားရကျေနပ်ပါတယ်"ဟု အမေရိကန်အခြေစိုက် Ford Motor Company မှ မြန်မာပြည်ရုံးခွဲ အရောင်း မန်နေဂျာက ပြောသည်။ လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မော်တော်ကား အရောင်းစင်တာ ၁၄ဝ ခန့် ဖွင့်လှစ်ထားပြီး အရောင်းပြခန်း ငါးခု ပါဝင်ကြောင်း၊ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် Brand New ကားအားလုံးမှာ CIF တန်ဖိုးမြင့်မားသည့်အပြင် အကောက်ခွန်ဦးစီးဌာနမှ ကောက်ခံသည့်အခွန်နှင့် ကညနသို့ ပေး ဆောင်ရမည့်အခွန်တို့မှာ များသည့်အတွက် ပြည်တွင်း၏ Brand New ကားတန်ဖိုးမှာ နိုင်ငံတကာထက် မြင့်မားနေကြောင်း သိရသည်။

Ref ; Automobile

Author