မြန်မာ့ မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာမူဝါဒ (Automotive Policy)

0

Full article

မြန်မာ့မော်တော်ယာဉ်ကဏ္ဍ ( Myanmar Automobile Industry) ဆိုတာ မော်တော်ကားတင်သွင်းသူများ၊ မော်တော်ကားထုတ်လုပ်တဲ့သူများ၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ အပိုစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ၊ ကြော်ငြာအေဂျင်စီများ၊ အရောင်းပြခန်းကုမ္ပဏီများ၊ အာမခံကုမ္ပဏီများ၊ ဘဏ်များ၊ ကားဟောင်းရောင်းဝယ်သူများ အားလုံးနှင့်သက်ဆိုင်သောနယ်ပယ်တစ်ခုဖြစ်သည်။ မြန်မာ့မော်တော်ယာဉ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ၂၀၁၅ ခုနှစ် ဧပရယ်လတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဏာရေးဝန်ကြီးဌာန စသည့်ဆက်စပ်ဝန်ကြီးဌာနများ၊ မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ UMFCCI နှင့်ညီနောင်အသင်းများ၊ မော်တော်ယာဉ်အသင်းအဖွဲ့မှကိုယ်စားလှယ်များ၊ ပြည်ပ မော်တော်ယာဉ်အရောင်းကိုယ်စားလှယ်များ၊ မော်တော်ယာဉ်ကျွမ်းကျင်ပညာရှင်များ မှ မြန်မာနိုင်ငံ၏မော်တော်ယာဉ်ကဏ္ဍအတွက် အမျိုးသားမော်တော်ယာဉ်မူဝါဒဆိုင်ရာ အကြံပြုချက်များ အစီရင်ခံစာကိုပြုစုခဲ့ကာ အဆိုပါအစီရင်ခံစာကို အခြေခံပြီး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ပူးပေါင်းကူညီမှုဖြင့် ဆက်စပ်ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းအစည်းအဝေးများပြုလုပ်ခဲ့၍ စက်မှုဝန်ကြီးဌာနမှ မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာမူဝါ (Automotive Policy) ကိုရေးဆွဲခဲ့သည်။

၂၀၁၅ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပြီး ၄ နှစ်နီးပါးအကြာ ၂၀၁၉ မေလတွင် အဆိုပါ မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာမူဝါဒ (Automotive Policy) ကို အစိုးရမှ အတည်ပြုထုတ်ပြန်ခဲ့သည်။  မြန်မာနိုင်ငံတွင်မော်တော်ယာဉ်သုံးစွဲမှု မြင့်တက်လာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အခြေခံအဆောက်အဦ လိုအပ်ချက်များဖြည့်ဆည်းရေး၊ မော်တော်ယာဉ်ဆိုင်ရာလုပ်ငန်းများတွင် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးရေး စသည့် ဦးတည်ချက်များအတွက် ကာလတို၊ ကာလလတ်၊ ကာလရှည် ရည်မှန်းချက်များဖြင့် မြန်မာ့မော်တော်ယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးဆွဲခဲ့ပြီး မူဝါဒများ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ စည်းမျဉ်းစည်းကမ်းများပါဝင်သည်။

မြန်မာ့မော်တော်ယာဉ်ကဏ္ဍမှာ ဘယ်အချက်တွေအကောင်အထည်ဖော်ပြီးပြီလဲ၊ ရှေ့ဆက်ပြီးဘာတွေဆောင်ရွက်သွားမှာလဲ စတာတွေအပြင် အခုတလော ဝေဖန်မှုတွေများနေတဲ့ ဝန်ထမ်းပါမစ်ကိစ္စရပ်ဟာ မြန်မာ့မော်တော်ယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ရေးဆွဲထားတဲ့ မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာမူဝါဒ (Automotive Policy) ကိုက်ညီရဲ့လား။ သူ့မှာ ဘယ်အချက်တွေပါဝင်သလဲဆိုတာနှင့် မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာမူဝါဒ (Automotive Policy) ဆိုတာကို သိရှိနိုင်ဖို့ ဖော်ပြပေးလိုက်တယ်။

Author