ယာဉ်အပိုပစ္စည်း အသစ်တင်သွင်းရောင်းချသူများ အခက်အခဲကို ကူညီနိုင်ရန် မြန်မာ မော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်းရှင်များ အသင်းဖွဲ့စည်းမည်

0

Full article

ယာဉ်အပိုပစ္စည်း အသစ်၊ ထုတ်လုပ်တင်သွင်းရောင်းချနေသူများ ဖြစ်ပေါ်နေသော အ ခက်အခဲများကို ဝန်ကြီးဌာနများသို့ တင်ပြနိုင်ရန် Myanmar Automotive Parts and Accessories Association (MAPAA) မော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်းရှင်များ အသင်းကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုမြန်မာမော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်းရှင်များအသင်းကို အမှုဆောင် ၁၄ ဦးဖြင့် ယာယီဖွဲ့စည်းထားရာ အသင်းဥက္ကဌအဖြစ် ဦးသန်းထိုက်လွင် (Proven Technology Industry ကုမ္ပဏီ လီမိတက်) နှင့် ဒုတိယဥက္ကဌ (၁) အဖြစ် ဦးမိုးကျော်စွာ (Ayarwaddy power)၊ ဒုတိယဥက္ကဌ (၂) အဖြစ် ဦးကျော်စွာထွန်းမြင့် (Sattkyar Shwe Trading ကုမ္ပဏီ လီမိတက်) ၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဦးအောင်ကျော်စိုး (Ever Clean Trading ကုမ္ပဏီ လီမိတက်) တို့က တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ မော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်းရှင်များအသင်း၏ ရည်ရွယ်ချက်မှာ မော်တော်ယာဉ်ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာလုပ်ငန်းများ စနစ်တကျဖြစ်ထွန်းလာစေရန်၊ မော်တော်ယာဉ်ဆက်စပ် ပစ္စည်းဆိုင်ရာ ဈေးကွက် နည်း ပညာဆိုင်ရာ သတင်းအချက်အလက်များ စုစည်းဖြန့်ဝေနိုင်ရန်နှင့် အသင်းသားများ၏ အခက်အခဲ လိုအပ်ချက်များ ကူညီဖြေရှင်းဆောင်ရွက်ပေးရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။

" အဓိကက ယာဉ်အပိုပစ္စည်း တင်သွင်းရောင်းသူတွေဖြစ်ပေါ်နေတဲ့အခက်အခဲတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာန ကို တင်ပြဖို့နဲ့ ဈေးနှုန်းတွေ မှန်မှန်ကန်ကန် ဖြစ်ဖို့အတွက်ရည်ရွယ်တာပါ။ အသင်းမှာ ကားအပိုပစ္စည်း နဲ့ပက်သက်တဲ့သူတွေ တစ်ပိုင်တစ်နိုင် ကားအပို ပစ္စည်း ရောင်းတဲ့သူတွေ အားလုံးအသင်းထဲမှာပါဝင်လို့ရမှာပါ။ အသင်းကို အမြန်ဆုံး ဖွဲ့စည်းနိုင်အောင်လုပ်ဆောင်သွားမှာပါ။"ဟု မြန်မာ မော်တော်ယာဉ် အပိုပစ္စည်းလုပ်ငန်းရှင်များအသင်းဖွဲ့စည်းရန် အစည်းအဝေးတွင် ဒုဥက္ကဌ ဦးကျော်စွာထွန်းမြင့်က ပြောကြားသွားခဲ့သည်။

အသင်းကြီးအတွက် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ယာဉ်အပိုပစ္စည်းနှင့် သက်ဆိုင်သူများ၊ ကားအလှဆင်ပစ္စည်း လုပ်ကိုင်နေသူများ အားလုံးကို ဖေဖေါ်ဝါရီ ၂၇ ရက်တွင် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
I-01

Author