မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်ပခရီးစဉ်များအား ထပ်မံတိုးမြှင့်ရပ်ဆိုင်း

0

Full article

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်ပခရီးစဉ်များအား ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ တိုးမြှင့်ရပ်ဆိုင်းလိုက်ကြောင်း မြန်မာ့အမျိုးသားလေကြောင်းလိုင်း (MNA) ၏ ထုတ်ပြန်ချက်အရသိရသည်။

လတ်တလောဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုအား ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန်အတွက် မြန်မာ့အမျိုးသားလေကြောင်းလိုင်း၏ ပြည်ပခရီးစဉ်များဖြစ်သော စင်ကာပူ၊ ဘန်ကောက်၊ ချင်းမိုင် နှင့် ဟောင်ကောင် ခရီးစဉ်များပြေးဆွဲခြင်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းလိုက်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ အသိပေးကြေညာထားသည်။ ထိုကာလအတွင်း ဝယ်ယူထားသော လေယာဉ်လက်မှတ်များကို Full Refund နှင့် Free Data Change ပြုလုပ်ပေးပြီး Agent မှ ဝယ်ယူထားသော ခရီးသည်များအနေဖြင့် အဆိုပါ Agent မှတစ်ဆင့် Refund ပြန်လည်ထုတ်ယူနိုင်ပြီး Website မှဝယ်ယူထားသူများအနေဖြင့် contactus@flymna.com သို့ Email ပေးပို့ကာ Refund ပြန်လည်ထုတ်ယူနိုင်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ အသိပေးကြေညာထားသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးစဉ်များကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ပြန်လည်ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး ပြောင်းလဲမှုတစ်စုံတစ်ရာရှိပါက အချိန်နှင့်တစ်ပြေးညီ အသိပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Author