တတိယအကြိမ်မြောက် မြန်မာ့အကြီးဆုံး ယာဉ်နှင့်ယာဉ်အပိုပစ္စည်းဆိုင်ရာ နိုင်ငံတကာ ကုန်စည်ပြပွဲကြီးကို အောက်တိုဘာလတွင် ကျင်းပမည်

0

Full article

၂ဝ၁၅ အောက်တိုဘာလ၉ရက်နေ့မှ ၁၁ ရက်နေ့အထိ တတိယ အကြိမ် မြောက်ကျင်းပမည့် မြန်မာ့ အကြီးဆုံး ယာဉ်၊ယာဉ်အပိုပစ္စည်းနှင့် ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ နိုင်ငံတကာပြပွဲကြီး  MYANAUTO2015 ကို ဧည့်ပရိသတ် ပေါင်း ၇ဝဝဝ ကျော် တတ်ရောက်မည် ဖြစ်ပါသည်။

ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ရှိ MEP(MYANMAR EVENT PARK)တွင် ကျင်းပမည့် MYANAUTO 2015 ပွဲကြီးတွင် ကုန်ပစ္စည်း အမျိုး အစားပေါင်း ၂၁ဝ ကျော်နှင့် နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ကုမ္ပဏီများ ဝင်ယောက်ပြသ မည်ဖြစ်ပြီး ပြသမည့် ဧရိယာ စုစုပေါင်း ၄၅ဝဝစတုရန် ဧရိယာ ရှိပါသည်။ထိုပြပွဲကြီး တွင် မြန်မာ့ ဈေးကွက်အတွက် လိုအပ်သော ယာဉ်နှင့်ယာဉ်အပိုပစ္စည်းများကို မိတ်ဆက်ပြသပေးထားပါမည်။

MYANAUTO 2015 တွင်အထူးအစီအစဉ်အနေဖြင့် NISSAN မှ SPECIAL MOTOR CASE အစီအစဉ် ပြု လုပ်ပြီး ပြပွဲတွင် ကားဝယ်ယူသူများကို အထူးလျော့ဈေးဖြင့် ရောင်ချ ပေးမည်ဖြစ်ပါသည်။ နည်းပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကို အောက်တိုဘာ ၁ဝရက်နေ့ တွင် ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးပေါ် ယာဉ်နှင့်ယာဉ်အပိုပစ္စည်းများ ၊နည်းပညာ အကြောင်းအရာများကိုအခမဲ့ သရုပ်ပြ ပညာပေး ဆွေးနွေးသွားမည်ဖြစ်ပါသည်။ထိုအပြင် ကွန်ပြူတာဖြင့် ကားကြံ့ ခိုင်မှု ကိုအခမဲ့ စစ်ဆေး ပေးမည်ဖြစ်ပါသည်။

myanauto1-500x375

MYANAUTO 2015ကုည်စည်ပြပွဲ ကြီးကို MAMDA မြန်မာမော်တော်ယာဉ် ထုတ်လုပ်ဖြန့်ချီသူများ အသင်း မှ ၂ဝ၁၃ မှ စတင်ကူညီ အားဖြည့်ပေးခဲ့ပါသည်။MAMDA ၏ ဥက္ကဌ ဒေါက်တာစိုးထွန်း ၏ ဖော်ပြချက်အရ" AMB Events Group မှကြီးမှူး ကျင်းပသည့် နိုင်ငံတကာ ကုန်စည်ပြပွဲ ကြီး တွင်ကုန်ပစ္စည်း အမျိုးအစားအသစ်များ၊ စီးပွားရေး အတွက်ရင်းနှီးမြှံ့နှံ မှု အခွင့်အလမ်းအသစ်များ ကိုရရှိမည်"ဖြစ်ကြောင်း မြန်မာ မော်တော်ယာဉ်အသင်းမှ ဂုဏ်ယူဝမ်းမြောက်စွာ အားဖြည့်ကူညီပေးပါသည်။ပွဲကာလ ၃ရက်အတွင်း များပြားလှသော စီးပွားရေး အခွင့်အလမ်းကောင်းများကို ဖန်တီးနိုင်မည်ဖြစ်ပြီး ထိုပွဲမှ မြန်မာပြည်ရှိ ယာဉ်အပိုပစ္စည်းနှင့် ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ အနာဂတ်ဖွံ့ ဖြိုးရေး အတွက် အရေးကြီးသော ခြေလှမ်းသစ်တစ်ခုဖြစ်လိမ့် မည်ဟုယုံ ကြည်ပါသည်။

MYANAUTO2015ကုန်စည် ပြပွဲကြီးကို နေ့စဉ် မနက်၁ဝနာရီမှ ည ၆ နာရီ အထိ ဖွင့်လှစ်ပြသထားမည် ဖြစ်ပါသည်။

အသေးစိတ် သိရှိလိုပါက AMB Events Group -01-25475 သို့ဆက်သွယ်နိုင်ပြီး www.myanauto.comသို့ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။

Author