ယာဉ်အပိုပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံတကာစက်မှုကုန်စည်ပြပွဲကြီး (MYANAUTO’ 17) ကို ယနေ့ ကျင်းပပြုလုပ်

0

Full article

             carsdb

မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ ကုန်ည်ပြပွဲအား ယနေ့ (နိုဝင်ဘာ ၁၇) တွင် Myanmar Event Park (Mindama Rd) ၌ နံနက် ၁ဝ နာရီမှစတင်ကာကျင်းပပြုလုပ်ပေးခဲ့သည်။

            carsdb

ပြပွဲကို AMBTarsus Event Group က ဦးစီးကျင်းပခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေကြီးဆိုင်ရာ ရခိုင်တိုင်း ရင်းသား ဝန်ကြီး ဦးဇော်အေးမောင်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

      carsdb

"ဒီပွဲကိုကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ Automotive market မှာ အရင်တုန်းက အပိုပစ္စည်းပိုင်းကို နိုင်ငံခြားက တိုက်ရိုက်သွင်းကြတာနည်းတယ်။ များသောအားဖြင့် နိုင်ငံခြားသွားဝယ်ရင်လည်းဝယ်၊ မဝယ်ရင် မြန်မာနိုင်ငံမှာ reuse တွေကို ပြန်ပြီးသုံးကြတာများတယ်။ ၂ဝ၁၃ ကတည်းက ဒီလိုပြပွဲမျိုးကို လုပ်လာတာ ဒီနှစ်နဲ့ဆို ၅ နှစ်မြောက်ရှိပါပြီ။ အဲ့ဒီအချိန်အတွင်းမှာ brand new car parts market ကို အတော်အသင့် ဖွံ့ဖြိုးအောင် လုပ်ပေးနိုင်တယ်လို့ ယုံကြည်ပါတယ်။ အခု ဒီပြပွဲမှာ နိုင်ငံခြားက လာပြ တဲ့ လုပ်ငန်းတွေရော၊ ပြည်တွင်းမှာရှိတဲ့ distributors တွေရော အကုန်လုံးအချိက်အဆက်မိနေပါပြီ။" ဟု ပွဲကို ဦးစီးကျင်းပသည့် AMBTarsus Event Group ၏ ပရောဂျက် မန်နေဂျာ ဒေါ်စောရတနာလင်း က ပြောကြားသည်။

   carsdb

၂ဝ၁၃ စပြီးလုပ်စဉ်က နိုင်ငံခြားမှ လာရောက်ပြသသည့် လုပ်ငန်းပေါင်း ၉ဝ ရှိကြောင်း၊ ဒီမှာ distributor လာရောက်ရှာကြခြင်းဖြစ်ကြောင်း၊ ယခု ၂ဝ၁၇ အချိန်မှာတော့ ပြည်တွင်းလုပ်ငန်းတွေပိုပြီး များလာ ကြောင်း၊ အရင်တုန်းက မြန်မာနိုင်ငံမှာ ဒီပြည်တွင်းလုပ်ငန်းတွေဟာ distributor ရထားခြင်း မရှိ ကြောင်း၊ ယခုဆိုလျှင် ပြည်တွင်းလုပ်ငန်းတွေ များစွာရှိလာပြီဖြစ်သည့်အတွက် အကျိုးကျေးဇူးများ စွာဖြစ်ထွန်းကြောင်း ဒေါ်စောရတနာလင်းက ဆိုသည်။

             carsdb

ပြပွဲတွင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ပြခန်းပေါင်း ၂၅ဝ ကျော်မှ ကား၊ ဘတ်စ်ကား၊ ကုန်တင်ကားနှင့် ပတ်သက်သော ယာဉ်အပိုပစ္စည်း အသစ်များစွာ ပြသကြောင်း သိရသည်။

"ကျွန်တော်တို့က ဒီပွဲမှာ Toyota HiACE၊ HiLUX double cab ကားတွေကို လာရောက်ပြသတာပါ။ ဒီလိုပွဲကို ကျင်းပပြုလုပ်တာ အရမ်းကောင်းပါတယ်။ customer တွေ အတွေ့အကြုံအများကြီးရတဲ့ ပွဲမျိုးပါ။" ဟု TTAS ၏ ဒါရိုက်တာ ဦးမျိုးအေးဇော် ကဆိုသည်။

ပွဲကို လာရောက်ကြည့်ရှုသည့် လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်မြတ်ငြိမ်းကလည်း "ပြီးခဲ့တဲ့အပတ်က တည်း ဒီပြပွဲကို ပြုလုပ်မယ်ဆိုတာ မီဒီယာတွေမှာ တွေ့ရတယ်။ ကျွန်တော်ကတော့ ကိုယ့်လုပ်ငန်းနဲ့ ဆက်စပ်မှုရှိတဲ့ Truck ကားတွေကို လိုက်ကြည့်နေတုန်းပါပဲ။ တကယ့်ကို ဆွဲဆောင်မှုရှိတဲ့ပွဲပါ။ ဒီလို ပွဲမျိုးကို customer တွေအတွက် များများလုပ်ပေးနိုင်လေကောင်းလေပဲ" ဟု ပြောကြားသွားခဲ့သည်။

ပြပွဲတွင် Top Mechanic Challenge 2017 ပြိုင်ပွဲ အစီအစဉ်လည်း ပါဝင်ပြီး Automan Quick Service Center မှ နှစ်ဖွဲ့နှင့် Tokyo Auto Service မှ နှစ်ဖွဲ့ စုစုပေါင်း လေးဖွဲ့ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ပြပွဲကို နိုဝင်ဘာ ၁၇၊ ၁၈၊ ၁၉ သုံးရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

S-01

Author