Full article

တရုတ်နိုင်ငံမှ တင်သွင်းလာသော Chery QQ 3 ကားများကို အပ်နှံခွင့်ပေးခဲ့သလို ထိုကားများထက် မှတ်ပုံတင်သက်တမ်း ကြာမြင့်ပြီဖြစ်သော စက်မှုဇုန်ထုတ်ကားများ ကိုလည်း အပ်နှံခွင့်ပေးသင့်ကြောင်း 'မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်း' ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ဆိုခဲ့သည်။ Zone-Car-

Chery QQ 3 ကားများသည် မြန်မာနို်င်ငံသို့ ၂ဝဝ၆ ခုနှစ်ဝန်းကျင်က ဝင်ရောက်လာခဲ့ပြီး ထိုကားများထက် မှတ်ပုံတင်သက်တမ်း ငါးနှစ်ခန့်စောသော စက်မှုဇုန်ထုတ်ကား များကို အပ်နှံခွင့်ပေးသင့်သည်ဟု ဦးအောင်သန်းဝင်းက ဆိုခဲ့သည်။ လွှတ်တော်အစည်းအဝေးတွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချန်မောင်က စက်မှု ဇုန်ထုတ် ကားများကို အပ်နှံခွင့်ပြုရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းaဆာင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သဖြင့် ထိုကားများ၏ဈေးနှုန်းများသည် အနည်း ငယ်မြင့်တက်သွားခဲ့သည်။ သို့သော် စက်မှုဇုန်ထုတ်ကားများကိုအပ်နှံခွင့်ပြုရန် အချိန်ကာလတစ်ခု အထိလိုနေသေးသောကြောင့် ဝယ်/ရောင်းအနည်းစုသာ ဇုန်ဂျစ်များ ဝယ်ယူစုဆောင်းထားကြသည်။ စက်မှုဇုန်ဂျစ်ကားများ၏ ဈေးကွက်နှင့်ပတ်သက်၍ ဦးအောင်သန်းဝင်းက "ဇုန်ဂျစ်တွေ ဈေးအနည်းငယ် တက်သွားပေမဲ့ ဝယ်ယူတဲ့သူ နည်းနေသေးပါတယ်၊ ဘယ်အချိန်မှာအပ်နှံခွင့်ပြုမယ်ဆိုတာ မသိတဲ့အတွက် အဝယ်အများကြီး မရှိသေးပါဘူး၊ တကယ်ဆိုရင် Chery QQ 3 ကားတွေကို အပ်နှံခွင့်ပေးခဲ့ သလို ဇုန်ကားတွေကိုလည်း အပ်ခွင့်ပေးသင့်ပါတယ်"ဟု ဆိုခဲ့သည်။ ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းအရ ဇုန်ဂျစ်များသည် ကျပ်သိန်း လေးဆယ်ဝန်းကျင် ရှိကြောင်း သိရသည်။

Ref : Automobile

Author