ယာဉ်ထိခိုက်ပျက်စီးမှုဖြစ်ပါက အဓိက နေရာပြင်ဆင်မည်ဆိုလျှင် ယာဉ်နှင့်တစ်ကွအုံနာဘုတ်ပါ တစ်ပါးတည်းယူဆောင်၍ လာရောက်တင်ပြရမည်

0

Full article

မော်တော်ယာဉ်များ ထိခိုက်ပျက်စီးမှုဖြစ်ပါက ကညနမှ သတ်မှတ်ထားသော ချယ်စီနှင့်တဝိုက်၊ နို့စကပ်နှင့်ရှော့ဘားအထိုင်စသော အဓိက နေရာပြင်ဆင်မည်ဆိုလျှင် ယာဉ်နှင့်တစ်ကွ လျှောက်ထားသူ၏ မှတ်ပုံတင် မူရင်းနှင့် မိတ္တူ အုံနာဘုတ်ပါ တစ်ပါးတည်းယူဆောင်၍ လာရောက်တင်ပြရမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနကသိရသည်။

 မော်တော်ယာဉ် ထိခိုက်ပျက်စီးမှုတွင် ပါးခြမ်းထိမိခြင်း၊ နောက်ဘောဒီထိခိုက်မိခြင်း၊ သာမန်ထိခိုက်ပျက်စီးမှုအား ယာဉ်ပိုင်ရှင်မှ နီးစပ်ရာ ဘောဒီရုံများတွင် ပြင်ဆင်၍ ရနိုင်ပြီး ယာဉ်၏ အဓိကနေရာအဖြစ် သတ်မှတ်ထားသောနေရာများဖြစ်သည့် ရှေ့တန်းလဲခြင်း၊ နို့စကပ်လဲခြင်းနှင့် ရှော့ဘားအထိုင်နှင့်ဆက်စပ်သည့် ချယ်စီတန်းနှင့်တစ်ဝိုက် ပြင်ဆင်လဲလည်မည်ဆိုလျှင် သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနထံ ယာဉ်ပြင်ဆင်ခွင့်ပြုရန် တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

" ယာဉ်တစ်စီးထိခိုက်ပျက်စီးတာက အနည်းအများရှိတယ်။ ရိုးရိုးကားရဲ့ပါးခြမ်းလောက်ထိခိုက်မိတာတို့ ဘောဒီအနည်းငယ်ပိန်သွားတာတို့ဆိုရင်တော့ ကိုယ်သဘောနဲ့ကိုယ်ပြင်ဆင်လို့ရတယ်။ ကြီးကြီးမားမားထိခိုက်မှုဖြစ်လာပြီဆိုရင်တော့ ကညနကို ပြင်ဆင်ဖို့အတွက်တင်ပြရမယ်။ ယာဉ်အုံနာဘုတ်တို့၊ ယာဉ်ပိုင်ရှင် မှတ်ပုံတင် မူရင်းနဲ့ မိတ္တူတို့နဲ့တင်ပြရမှာဖြစ်ပါတယ်။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သီးခြား ဖရိန်မပါရှိသော (saloon,micro bus, Hatch back အစရှိသည့်ယာဉ်များအနေဖြင့် မူလဖရိန်အမှတ် (သို့မဟုတ်) ချယ်စီနံပါတ်ပါ member တန်းအား အခြားယာဉ်တွင် ဖောက်ထည့်၊ ဖြတ်ဆက်ခြင်း၊ member တန်းပြန်လည်တွဲဆက်၍ ပြောင်းလဲခြင်း၊ သီးခြားဖရိမ်ပါရှိသော ယာဉ်များ (pick up၊ station wagon ၊ mini bus ၊ bus အစရှိသည့် မူလဖရိမ်အမှတ်အား အခြားယာဉ်တွင် ဖောက်ထည့်ဖြတ်ဆက်၍ ပြောင်းလဲခြင်း (သို့) ဖရိမ်အမှတ် ဖောက်ထည့်ခြင်းမရှိဘဲ၊ မူလဖရိန်ပေါ်တွင် အခြား body coach အားပြောင်းလဲတပ်ဆင်ခြင်းတို့ကိုသတ်မှတ်ထားကြောင်းသိရသည်။

ယာဉ်များတွင် မူလဖရိန်အမှတ်ပါ သံပြားအား အခြားယာဉ်တွင် ဖြတ်ဆက် ပြောင်းလဲခြင်း၊ ဖရိန်အမှတ်ဖောက်ထည့်ခြင်းမရှိဘဲ မူလဖရိန်ပေါ်တွင် body coach ပြောင်းလဲတပ်ဆင်ခြင်း၊ ချယ်စီ member တန်းအား ဖောက်ထည့်ဖြတ်ဆက်ခြင်းနှင့် member တန်းပြန်လည်တွဲဆက်၍ ပြောင်းလဲခြင်းများကို body coach ပြောင်းလဲထားသော ယာဉ်အဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက သိရသည်။
Regulation

Author