စည်ပင်ဘတ်ဂျက်ငွေများကို ရန်ကုန်မြို့ လမ်းမကြီးများပြင်ဆင်သည့် နေရာတွင် အသုံးပြုမည်

0

Full article

Photo Credit

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပျက်ဆီးနေသော လမ်းမကြီးများနှင့် ကားမှတ်တိုင်များကို ပြင်ဆင်ရန် စည်ပင်မှ ရရှိထားသော ဘတ်ဂျက်ငွေများကို အသုံးပြုသွားမှာ ဖြစ်သည်ဟု အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ပြုလုပ်သော YBS ရှစ်လပြည့် အစည်းအဝေးပွဲမှ သိရသည်။

"စည်ပင်ကရတဲ့ ဘတ်ဂျတ်ငွေကိုလမ်းမကြီးတွေ ပြင်ဆင်တဲ့နေရာမှာသုံးမယ်။ YBS ကားမှတ်တိုင်တွေ ပြင်ဆင်တဲ့နေရာတွေမှာသုံးသွားမယ်။ "ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ က တာဝန်ရှိသူက ပြောပါတယ်။

ရန်ကုန်မြို့တွင်း ရေစီးရေလာကောင်းမွန် စေရန်အတွက် ယခုနှစ်အတွင်း ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၂၄ သန်း ရယူထားပြီး ရေစီးရေလာကောင်းမွန်ရေးနှင့် အမှိုက်များကြောင့် ရေမြောင်းပိတ်ဆို့မှုများ မရှိစေရေးတို့ကိုလည်း စည်ပင်က လုပ်ဆောင်သွားမှာ ဖြစ်သည်ဟု ရန်ကုန် မြို့တော်ဝန် ဦးမောင်မာင်စိုးက ပြောကြားခဲ့ဖူးသည်။

ခေတ်သစ်

Author