အခုနောက်ပိုင်း ကားအစီးရေများလာတာနဲ့အမျှ ယာဉ်မတော်တဆမှုတွေကလည်း များလာတာကြောင့်ပါ။ ဒါတွေကိုလျှော့ချနိုင်ဖို့အတွက် ဒီလိုတိုးဖို့လုပ်ရတာပါ ဟု ၎င်းကဆိုသည်။ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ပေါများသည့် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတွင် နှုန်းထားပိုမိုတိုးမြှင့်မည်ဖြစ်ကြောင်း ကညနထံမှ သိရသည်။ နှုန်းထားများကို ဒေသအပေါ်လိုက်၍ အုပ်စု ၃ခုခွဲခြားသတ်မှတ်သွားမည်ဖြစ်ပြီး အာဆီယံဒေသအတွင်း နိုင်ငံအများစုကောက်ခံသောနှုန်းထားများကိုလေ့လာ၍ ပြင်ဆင်ခြင်းဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ယင်းသို့တိုးမြှင့်ကောက်ခံခြင်းကြောင့် ကိုယ်ပိုင်မော်တော်ယာဉ်များအတွက် အခက်အခဲမရှိဘဲ အငှားယာဉ်နှင့် ခရီးသည်တင်ယာဉ်များ အခက်အခဲဖြစ်လာနိုင်ကာ ပွဲစားခများလည်း မြင့်တက်လာမည်ဖြစ်ကြောင်း ကိုယ်ပိုင်ယာဉ်မောင်းအချို့က ပြောဆိုသည်။
Reference: The Voice Daily 24 June 2014 မှ ကိုးကားဖော်ပြသည်။