ရန်ကုန် စည်ပင်သာယာနယ်နမိတ်အတွင်း ဆိုင်ကယ်စီနင်းခွင့် ပြန်လည်ခွင့်ပြုမည်

0

Full article

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆိုင်ကယ်စီးနင်းခွင့် ပြန်လည်ခွင့်ပြုသွားမည်ဖြစ်ကြောင်းယနေ့ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ပြောသွားခဲ့သည်။အစိုပါရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ရွှေပြည်သာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်၏မေးမြန်းချက်မှာ ဆင်ခြေဖုံးမြို့နယ်များတွင် အရေးပါသော ဆိုင်ကယ်စီးနင်းမှုကို စနစ်တကျ ကြပ်မတ်ကာ ခွင့်ပြုသွားရန်ရှိမရှိမေးခွန်းနှင့်ပက်သတ်၍ ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးနင်းမှုကိုပြန်လည်ခွင့်ပြုနိုင်ရေးအတွက် ဆက်စပ်ဌာနများနှင့် ညှိနှိုင်းမှုများပြုလုပ်နေကြောင်း လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်မှ ပြောကြားသွားခဲ့သည်။

ရန်ကုန်စည်ပင်နယ်နမိတ်အတွင်း ဆိုင်ကယ်စီးနင်းမှုများပိတ်ထားကာ အရင်အစိုးရလက်ထက်တွင် လျှပ်စစ်ဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ စာပို့လုပ်ငန်းများ သံရုံးများတွင်အသုံးပြုနိုင်သောဆိုင်ကယ်အရေအတွက် ၆၅ စီးသာ စီးနင်းခွင့်ပြုထားတယ်လို့သိရပါတယ်။

ခေတ်သစ်

Author