Full article

မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် မော်တော်ယာဉ်များနှစ်လဲ သက်တမ်းတိုးဆောင်ရွက်ရာတွင် ပေးဆောင်ရသည့် မော်တော်ယာဉ် အာမခံပရီယံကြေးကောက်ခံသည့် လုပ်ငန်းကိုအနောက်ပိုင်းခရိုင် အတွင်းရှိမြို့နယ်များ အတွက်မြင်သာကညနရုံးသို့ စက်တင်ဘာလတွင် ပြောင်းရွှေ့ဆောင်ရွက်မည်ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှသိရသည်။

မော်တော်ယာဉ်များ နှစ်လဲသက်တမ်းတိုးဆောင်ရွက်ရာတွင် မော်တော်ယဉ်အာမခံပရီမီယံကြေးကို လမ်း (၃ဝ) နှင့် ကုန်သည်လမ်းထောင့်ရှိမြန်မာ့အာမခံရုံး၌ ပေးဆောင်ပြီးမှသာ သက်ဆိုင်ရာကညနခရိုင်ရုံးများတွင် နှစ်လဲသက်တမ်းတိုးခြင်းကို သွားရောက်ဆောင်ရွက်ရသည့် အတွက် မလိုအပ်သောအချိန်ကြန့်ကြာမှုများဖြစ်စေ၍ လာမည့်စက်တင်ဘာလမှစတင်ကာ မော်တော်ယာဉ် အာမခံပရီမီယံကြေး ကောက်ခံခြင်းကို အနောက်ပိုင်းခရိုင်အတွင်းရှိမြို့နယ်များအတွက် မြင်သာကညနရုံးသို့ပြောင်းရွှေ့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

"မော်တော်ယာဉ်အာမခံပရီမီယံကြေးကောက်ခံတဲ့လုပ်ငန်းကို စက်တင်ဘာလ ပထမပတ်လောက်ကစပြီး မြင်သာကညနရုံးမှာပြောင်းရွှေ့ဆောင်ရွက်ပေးဖို့ ရှိပါတယ်၊ အာမခံလုပ်ငန်းနဲ့ပတ်သက်တဲ့ စက်ပိုင်းဆိုင်ရာတွေနဲ့ ရုံးခန်းနေရာကိုအတည်မပြုရသေးပါဘူး။ မြင်သာကညနရုံးထဲမှာပဲ ဆောင်ရွက်ပေးသွားမှာပါ၊ အာမခံပရီမီယံကြေးကောက်ခံတဲ့လုပ်ငန်းကို မြင်သာရုံပြောင်းရွှေ့မှာ ဖြစ်တဲ့အတွက်တစ်နေရာထဲမှာ One-stop Service ပေးနိုင်မှာဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး၊ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူးဦးကျော်အေးလွင်က ပြောသည်။

မော်တော်ယာဉ်များအတွက် အာမခံပရီယံကြေးကောက်ခံခြင်းကို မြင်သာကညနရုံးသို့ဥိးစွာပြောင်းရွှေ့ဆောင်ရွက်ပေးမည်ဖြစ်ရာ ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်း ပါဝင်သည့် စမ်းချောင်း ၊ကြည့်မြင်တိုင်၊ အလုံ၊ လမ်းမတော်၊ လသာ၊ပန်းပဲတန်း ၊ကျောက်တံတား၊ဒဂုံ၊ ဗဟန်း၊ဒဂုံဆိပ်ကမ်း၊တောင်ဥက္ကလာပ၊ သင်္ယန်းကျွန်း၊မရမ်းကုန်းနှင့်မြောက်ဥက္ကလာပမြို့နယ်များမှ နှစ်လဲသက်တမ်းတိုး မော်တော်ယာဉ်များဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ မော်တော်ယာဉ် အာမခံပရီမီယံကြေးကောက်ခံခြင်းကို အနောက်ပိုင်းခရိုင်အတွက် မြင်သာကညနရုံး၌သာ ဆောင်ရွက်ပေးမည်ဖြစ်ရာ အရှေ့ပိုင်းခရိုင်တွင်ပါဝင်သော ၃၃ မြို့နယ်နှင့် မြောက်ပိုင်းခရိုင်တွင်ပါဝင်သော ၁ဝ မြို့နယ်အတွင်းရှိ မော်တော်ယာဉ်များမှာ ယခင်အတိုင်း အာမခံရုံးတွင်ပရီမီယံကြေးသွားရောက် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ကျော်သိန်းဆွေ၊အောင်ပြည့်

August 14, 2015 ရက်နေ့ထုတ် Automobile ဂျာနယ်မှ ကူးယူဖော်ပြသည်.။

www.carsdb.com

No.1 Car Site in Myanmar

Author