Full article

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက စက်မှုဇုန်ထုတ် မော်တော်ယာဉ်များ အပ်နှံခွင့် ရပ်ဆိုင်းလိုက်ခြင်းကို မော်တော်ယာဉ်လုပ်ငန်းရှင် အသိုင်းအဝိုင်းအတွင်း အမြင်ကွဲပြားမှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း ၄င်းတို့ထံမှ သိရသည်.။

စက်မှုဇုန်ထုတ်မော်တော်ယာဉ်များအပ်နှံရာတွင် မသမာမှုများရှိနေသည့်အတွက် အပ်နှံခွင့်ရုပ်သိမ်းခဲ့ခြင်းဖြစ်ပြီး ယင်းမှာ မှန်မှန်ကန်ကန်လုပ်ဆောင်သူများကို ထိခိုက်နစ်နာစေကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်အချို့က ပြောဆိုကာ အချို့ကမူ ခေတ္တခဏသာအပ်နှံခွင့် ရပ်ဆိုင်းခြင်းဖြစ်သည့်အတွက် မှန်မှန်ကန်ကန် လုပ်ဆောင်သူများကို ထိခိုက်နစ်နာစေမည်မဟုတ်ကြောင်း ၄င်းတို့က ပြောဆိုသည်.။

MyanmarCarsDB မှ Sedan ကားများကိုကြည့်ရန်

ဒီလိုပိတ်လိုက်တာကြောင့် မှန်မှန်ကန်ကန် လုပ်ဆောင်တဲ့သူတွေအတွက် အရမ်းထိခိုက်နစ်နာစေပါတယ်.။ ဒီလိုဖြစ်ရတာက မသမာသူ လူတစ်စုကြောင့် ဖြစ်ရတာပါ.။ တာဝန်ရှိသူများအနေနဲ့ ဒါကို ပြန်စဉ်းစားသင့်ပါတယ် ဟု မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်း အတွင်းရေးမှုး ဦးမျိုးဇင်ဝင်းက ပြောကြားသည်.။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ၂ဝ၁၄ ခုနှစ်ဇူလိုင်လ ၁၄ရက်နေ့မှ ဇုန်ထုတ်မော်တော်ယာဉ်များ စတင်အပ်နှံခွင့်ပြုခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း အပ်နှံခွင့် ရုပ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်.။

ကားအသစ်ပါဆိုပြီး အခုပဲကညနမှာ အုံနာဘုတ်ယူတယ်.။ ပြီးတော့ ကားအဟောင်းပါဆိုပြီး လာအပ်တယ်.။ ဒါကလုပ်စားတဲ့သဘောကြီး ဖြစ်နေပါတယ်.။ ထုတ်တဲ့သူတွေကလည်း ဒီလိုလုပ်စားဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ရောင်းစားဖို့အတွက် ဖြစ်နေပါတယ်.။ တကယ်တော့ မှန်မှန်ကန်ကန်လုပ်တဲ့သူတွေ ဘာမှမထိခိုက်နိုင်ပါဘူး.။ ထိခိုက်တဲ့သူတွေကတော့ အဲလို ကားသစ်စလစ်တွေကို ဝယ်မိတဲ့သူတွေကတော့ နစ်နာစေပါတယ်.။ အဲဒီစလစ်နဲ့ သွင်းကုန်လိုင်စင်သွားလျှောက်ရင် ခွင့်ပြုချက်မရတော့လို့ပါ ဟု မော်တော်ယာဉ်လုပ်ငန်းရှင် ဦးအောင်ဇော်ဦး (အရည်ကျို)က မှတ်ချက်ပြုပြောဆိုသည်.။

ဇုန်ထုတ်ယာဉ်များ အပ်နှံခွင့် ရပ်ဆိုင်းခဲ့သော်လည်း ဇုန်စလစ်ဈေးနှုန်းများသည် ပုံမှန်ဈေးနှုန်းများအဖြစ်သာ ဆက်လက်တည်ရှိနေပြီး စလစ်ဈေးကွက် အပြောင်းအလဲမဖြစ်ပေါ်ခဲ့ကြောင်း၊ အကြောင်းရင်းမှာ ယခုနှစ် မတ်လ ၃၁ ရက်နေ့အထိသာ ကညနခွန် လျှော့ပေါ့တင်သွင်းခွင့် ရရှိမည်ဖြစ်ခြင်းကြောင့်ဖြစ်ကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်များ ထံမှ သိရသည်.။

Monday, March 9, 2015 နေ့ထုတ် The Voice သတင်းစာမှ ကူးယူဖော်ပြသည်.။

Author