Full article

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်ဧရိယာ၌ ၂ဝ၁၄ ခုနှစ် နှစ်လတာ ကာလအတွင်း ဆိုင်ကယ်ကြောင့် ယာဉ်မတော်တဆမှု ၅၃ မှု ဖြစ်ပွားခဲ့ကြောင်း 'အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်)'မှ သတင်းရရှိသည်။

Circles

ယခုနှစ် ဇန်နဝါရီ ၁ ရက် မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ ဆိုင်ကယ်ကြောင့် ယာဉ်မတော်တဆမှု ၅၃ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၁ ဦး၊ ဒဏ်ရာရရှိသူဦးရေ ခုနစ်ဆယ်အထိ ရှိခဲ့ကြောင်း သိရသည်။ "ဖြစ်ပွားတဲ့ ဖြစ်စဉ်တွေမှာ ဆိုင်ကယ်ကနေ လူကိုဝင်တိုက်မိတဲ့ ဖြစ်စဉ်တွေက ပိုများပါတယ်၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ် ဧရိယာဖြစ်တဲ့ မြို့နယ်တွေမှာ ဆိုင်ကယ်စီးခွင့်မရှိပါဘူး"ဟု အမှတ်-၂ ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ စည်ပင်သာယာ နယ်နိမိတ်ဧရိယာ အတွင်း စီးနင်းသည့်ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိပြီး ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ မတ် ၁၅ ရက်အထိ ဆိုင်ကယ်အစီးရေ ၇၈ဝ အား စစ်ဆေးဖမ်းဆီး အရေးယူခဲ့ကာ ယင်းတွင် လိုင်စင်ရှိ ဆိုင်ကယ်စီးရေ ၅၆၃ စီး၊ လိုင်စင်မဲ့ ဆိုင်ကယ် ၁၁၇ စီးတို့ ဖြစ်ကြောင်း သိရသည်။ စည်ပင်သာယာနယ်နိမိတ် ဧရိယာ ၃၁ မြို့နယ်၌ ဆိုင်ကယ်စီးနင်းမှုကို တားမြစ်ကန့်သတ်ထားပြီး ယင်းဧရိယာအတွင်း ဆိုင်ကယ်စီးနင်းပါက လိုင်စင်ရှိသည့် ဆိုင်ကယ်ဖြစ်လျှင် နယ်ကျော်စီးနင်းမှုဖြင့် အရေးယူ ဆောင်ရွက်ပြီး လိုင်စင်မဲ့ဆိုင်ကယ်ဖြစ်ပါက ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ-၈ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ref: Automobile

Author