ရန်ကုန်တိုင်း ၁၄ မြို့နယ်မှအပ အခြားမြို့နယ် ဆိုင်ကယ်စီးနင်းပါက ထိရောက်စွာဖမ်းဆီးအရေးယူမည်

0

Full article

ရန်ကုန်တိုင်း မြို့နယ် ၁၄ မြို့နယ်မှအပ စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အခြားသော မြို့နယ်များတွင် မော်တော်ဆိုင်ကယ် စီးနင်းမှုများကိုထိရောက်စွာဖမ်းဆီး အရေးယူသွားမည်ဖြစ်ပြီး လိုင်စင်မဲ့ဆိုင်ကယ်များအား နိုင်ငံပိုင်အဖြစ် သိမ်းဆည်း သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ၏ ထုတ်ပြန်ချက် အရသိရသည်။

ရန်ကုန် စည်ပင်နယ်နိမိတ်ပြင်ပမြို့နယ်များဖြစ်သော သန်လျှင်၊ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို ၊ ကိုးကိုးကျွန်း၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီးနှင့် ထန်းတစ်ပင်မြို့နယ် ၁၄ မြို့နယ်တွင် သာစီးနင်းခွင့်ပြုထားပြီး ကျန်မြို့နယ်များတွင် ဆိုင်ကယ်စီးနင်းခြင်းကို (လုံးဝ) လုံးဝစီးနင်းခွင့်ပြုမည်မဟုတ်ကြောင်း သိရပါသည်။

"ရန်ကုန်တိုင်းစည်ပင်သာယာ နယ်နိမိတ်အတွင်းဆိုင်ကယ်စီးနင်းတာကို ထိထိရောက်ရောက် ဖမ်းဆီးသွားမှာပါ။ လိုင်စင်ရှိတဲ့ဆိုင်ကယ် နယ်ကျော်ဘီးတွေကိုလည်း စည်ပင်သာယာဥပဒေနဲ့အရေးယူသွားမယ်။ လိုင်စင်မဲ့ဆိုင်ကယ်ဖြစ်ရင် ထုတ်ကုန်သွင်းကုန် ဥပဒေနဲ့ နိုင်ငံပိုင်သိမ်းဆည်းမှာပါ။"ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား စီးနင်းသည်ကိုတွေ့ရှိ်ရပါက ထုတ်ကုန်သွင်းကုန်ဥပဒေအရ နို်င်ငံပိုင်အဖြစ် သိမ်းဆည်းသွားဖြစ်ဖြစ်ကြောင်းလည်းသိရသည်။

ထို့ပြင် နယ်ကျော်စီးနင်းမှုများကိုတွေ့ရှိရပါက စီးနင်းသူများကိုလည်း ဥပဒေအရ ထိရောက်စွာအရေးယူသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်း ရေးကြီးကြပ်မှုကော်မတီမှ သတိပေး နှိုးဆော်ထား ရှိသည်။

Law Enforcement

Author