မင်္ဂလာဒုံမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့် ရရှိရေးတင်ပြဆောင်ရွက်မည်

0

Full article

မင်္ဂလာဒုံမြို့နယ်အတွင်း ဆိုင်ကယ်တရားဝင်စီးနင်းခွင့်ရရှိရန် တိုင်ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်ကယ်စီးနင်းမှုခွင့်မပြုထားသော်လည်း မင်္ဂလာဒုံမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး သွားလာမှု အဆင်မပြေသဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်းသိရသည်။

ဆိုင်ကယ်စီးနင်းတာကို မြို့နယ် အလိုက်စီးဖို့ လိုအပ်တဲ့ မြို့နယ်တွေကို စီးနင်းခွင့်ပေးသင့်ပါတယ်။ ယာဉ်ကြော ပိတ်ဆို့တာလည်း ထိုက်သင့်သလောက်ဖြေရှင်းသွားနိုင်တယ်။ စည်းကမ်းတကျ စီးနင်းဖို့တော့ လိုအပ်တာပေါ့။ တစ်ချို့မြို့နယ်တွေက လမ်းပမ်းဆက်သွယ်ရေးက သွားရတာအဆင်မပြေဘူး ဆိုင်ကယ်က စီးနေတဲ့ မြို့နယ်တွေလည်းရှိနေတာတော်တော်ခရီးပေါက်တယ်။ သူဟာသူနဲ့သူပဲ ဝန်ထမ်းလိုလို ဘာလိုလို စီးနေတာတွေလည်းရှိတယ် ဟု မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သူတစ်ဦးကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယခင်အစိုးရလက်ထွက်တွင် ဆိုင်ကယ်စီးနင်းခွင့်ကို သတ်မှတ်ထားသည်။ ဌာနဆိုင်ရာများကိုသာ အရေအတွက်ဖြင့် စီးနင်းခွင့်ပြုထားပြီး ယခုနောက်ပိုင်း ဆိုင်ကယ်စီးနင်းမှုကို တရားဝင်ကဲ့သို့ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောသည်။

Author