မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးခြင်းကို နယ်လှည့်ဆောင်ရွက်ပေးလျက်ရှိ

0

Full article

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လစဉ်အလိုက် ပြည်နယ်နှင့်တိုင်းဒေသများတွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးခြင်းကို နယ်လှည့်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ၌ အောက်ပါမြို့နယ်များတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးပေးမည့် မြို့နယ်များမှာ ကချင်ပြည်နယ်တွင် တနိုင်း၊ ဖားကန့်၊ ကယားပြည်နယ်တွင် ဒီးမော့ဆို၊ ဖရူဆို၊ ကရင်ပြည်နယ်တွင် ဘုရားသုံးဆူ၊ ချင်းပြည်နယ်တွင် ဖလန်း၊ တီးတိန်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အရာတော်၊ ကျွန်းလှ၊ ဝန်းသို၊ ကောလင်း၊ ပင်လည်ဘူး၊ ကလေးဝ၊ မော်လိုက်၊ မင်းကင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ရေဖြူ၊ ကျွန်းစု၊ ပဲခူးတိုင်းဒေသကြီးတွင် ပေါင်းတည်၊ ကျောက်ကြီး၊ နတ္တလင်း၊ မကွေးတိုင်းဒေသကြီးတွင် မြို့သစ်၊ ဆိပ်ဖြူ၊ ကန်ပက်လက်၊ ဆော၊ စလင်း၊ အောင်လံ၊ မင်းလှ၊ မန္တလေးတိုင်းဒေသကြီးတွင် ဝမ်းတွင်း၊ ငါန်းဇွန်၊ တံတားဦး၊ မွန်ပြည်နယ်တွင် ကျိုက်မရော၊ ရခိုင်ပြည်နယ်တွင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ ရန်ကုန်တိုင်းဒေသကြီးတွင် လှည်းကူး၊ တွံတေး၊ ရှမ်းပြည်နယ်တွင် နန့်စန်၊ လောက်ကိုင်၊ ကွတ်ခိုင်၊ မိုင်းယောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကျောင်းကုန်း၊ ညောင်တုန်း၊ ဇလွန်၊ ဒေးဒရဲ မြို့နယ်များတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။


သို့ဖြစ်ပါ၍ အထက်ပါမြို့နယ်များရှိ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးလိုသူများအနေဖြင့် လိုအပ်သော စာရွက်စာတမ်း၊ အထောက်အထားများကို ကြိုတင်စုဆောင်းထားရှိပါရန် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးအကြောင်းကြားထားပါသည်။

Author