မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များသက်တမ်းတိုးခြင်းကို မြို့နယ်များတွင် နယ်လှည့်ဆောင်ရွက်ပေးလျက်ရှိ

0

Full article

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လစဉ်လတိုင်း မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များသက်တမ်းတိုးခြင်းကို မြို့နယ်များတွင် နယ်လှည့်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ မတ်လ၌ အောက်ဖော်ပြပါမြို့နယ်များတွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှသိရသည်။


၂၀၂၀ ပြည့်နှစ် မတ်လတွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးခြင်းကို နယ်လှည့်ဆောင်ရွက်ပေးမည့် မြို့နယ်များမှာ နေပြည်တော်တွင် တပ်ကုန်း၊ ကချင်ပြည်နယ်တွင် ရွှေကူ၊ ကရင်ပြည်နယ်တွင် လှိုင်းဘွဲ့၊ ကျုံဒိုး၊ ချင်းပြည်နယ်တွင် ထန်တလန်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကနီ၊ ဒီပဲယင်း၊ ကလေးဝ၊ မော်လိုက်၊ မင်းကင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် သရက်ချောင်း၊ ပုလော၊ ပဲခူးတိုင်းဒေသကြီးတွင် သနပ္ပင်၊ ပေါင်းတည်၊ လက်ပံတန်း၊ မကွေးတိုင်းဒေသကြီးတွင် ချောက်၊ မင်းတပ်၊ ဂန့်ဂေါ၊ မတူပီ၊ စလင်း၊ အောင်လံ၊ မင်းလှ၊ မန္တလေးတိုင်းဒေသကြီးတွင် မတ္တရာ၊ ညောင်ဦး၊ မြစ်သား၊ ပျော်ဘွယ်၊ မွန်ပြည်နယ်တွင် ရေးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် လှည်းကူး၊ ဒလ၊ ရှမ်းပြည်နယ်တွင် ရွှေညောင်၊ မိုးနဲ၊ မိုးမိတ်၊ မိုင်းတုံ၊ မိုင်းဆတ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ငပုတော၊ ညောင်တုန်း၊ ဇလွန်၊ ဘိုကလေး မြို့နယ်များတွင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


အထက်ပါမြို့နယ်များရှိ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးလိုသူများအနေဖြင့် လိုအပ်သော စာရွက်စာတမ်း၊ အထောက်အထားများ အဆင်သင့် ပြုလုပ်ထားကြရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးနှိုးဆော်ထားပါသည်။

Author