မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးခြင်းကို နယ်လှည့်ဆောင်ရွက်ပေးလျက်ရှိ

0

Full article

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောာင်ရေးညွှန်ကြားမှုဦးစီးဌာနမှ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းများကို လစဉ်လတိုင်း နယ်လှည့်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၉ ဒီဇင်ဘာလတွင် အောက်ဖော်ပြပါမြို့နယ်များတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားပါသည်။


၂၀၁၉ ဒီဇင်ဘာတွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များသက်တမ်းတိုးခြင်းများ ဆောင်ရွက်ပေးမည့် မြို့နယ်များမှာ နေပြည်တော်ကောင်စီနယ်မြေတွင် တပ်ကုန်းမြို့နယ်၊ ကချင်ပြည်နယ်တွင် ဝိုင်းမော်၊ ဟိုပင်၊ ရွှေကူ၊ ကရင်ပြည်နယ်တွင် လှိုင်းဘွဲ့၊ ခလယ်၊ တံခွန်တိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ယင်းမာပင်၊ ကသာ၊ ထီးချိုင့်၊ အင်းတော်၊ ဗန်းမောက်၊ တန့်ဆည်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ နမ့်တောစံပြကျေးရွာ၊ ပဲခူးတိုင်းဒေသကြီးတွင် ညောင်လေးပင်၊ ပန်းတောင်း၊ ကြို့ပင်ကောက်၊ မကွေးတိုင်းဒေသကြီးတွင် ချောက်၊ ဂန့်ဂေါ၊ ထီးလင်း၊ စေတုတ္ထရာ၊ မတူပီ၊ မင်းတပ်၊ အောင်လံ၊ ဆင်ပေါင်ဝဲ၊ မန္တလေးတိုင်းဒေသကြီးတွင် မတ္တရာ၊ သာစည်၊ ပျော်ဘွယ်၊ မွန်ပြည်နယ်တွင် ချောင်းဆုံ၊ ပေါင်၊ ရခိုင်ပြည်နယ်တွင် ဘူးသီးတောင်၊ မောင်တော၊ ရန်ကုန်တိုင်းဒေသကြီးတွင် ထန်းတပင်၊ လှိုင်သာယာ၊ ဆိပ်ကြီးခနောင်တို ၊ ရှမ်းပြည်နယ်တွင် ရပ်စောက်၊ ပင်းတယ၊ လင်းနေ၊ နမ့်ခမ်း၊ နမ္မတူ၊ မိုင်းဖြတ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဝါးခယ်မ၊ မော်လမြိုင်ကျွန်း၊ မြန်အောင်၊ ကြံခင်း၊ ဘိုကလေး မြို့နယ်တို့တွင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။


သို့ဖြစ်ပါ၍ အထက်ဖော်ပြပါမြို့နယ်များရှိ မော်တော်ယဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးလိုသူများအနေဖြင့် လိုအပ်သော စာရွက်စာတမ်းများ၊ အထောက်အထားများကို ကြိုတင်ပြင်ဆင်ထားကြပါရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထားပါသည်။

Author