မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးခြင်းကို နယ်လှည့်ဆောင်ရွက်ပေးလျက်ရှိ

0

Full article

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာနမှ တိုင်းနှင့်ပြည်နယ်အသီးသီးရှိမြို့နယ်များတွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းကို လစဉ် နယ်လှည့်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် သွားရောက်ဆောင်ရွက်ပေးမည့်မြို့နယ်များကို ထုတ်ပြန်ကြေညာထားပါသည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းကိုဆောင်ရွက်ပေးမည့် မြို့နယ်များမှာ နေပြည်တော်တွင် လယ်ဝေး၊ ကချင်ပြည်နယ်တွင် မိုးကောင်း၊ ကရင်ပြည်နယ်တွင် ဖာပွန်၊ ကမမောင်းမြို့နယ်ခွဲ၊ ကျိုပ်ဒုံ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဘုတလင်၊ မြောင်၊ ခမ်းပတ်၊ ဝက်လက်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ကံပေါက်တိုက်နယ်၊ တနင်္သာရီ၊ ပဲခူးတိုင်းဒေသကြီးတွင် ရွှေကျင်၊ ပေါက်ခေါင်း၊ မိုးညို၊ မကွေးတိုင်းဒေသကြီးတွင် ရေနံချောင်း၊ ရေစကြို၊ ပွင့်ဖြူ၊ အောင်လံ၊ မန္တလေးတိုင်းဒေသကြီးတွင် စဉ့်ကိုင်၊ မိုးကုတ်၊ မွန်ပြည်နယ်တွင် မုဒုံ၊ ရန်ကုန်တိုင်းဒေသကြီးတွင် မှော်ဘီ၊ ဒလ၊ ရှမ်းပြည်နယ်တွင် ညောင်ရွှေ၊ ပင်လောင်း၊ ကွန်ဟိန်း၊ နောင်ချို၊ မိုင်းပျင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် မြောင်းမြ၊ ဓနုဖြူ၊ အင်္ဂပူ၊ ကျိုက်လတ် မြို့နယ်များတွင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကညန ထံမှသိရသည်။

အဆိုပါမြို့နယ်များရှိ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးလိုသူများအနေဖြင့် လိုအပ်သော စာရွက်စာတမ်းနှင့် အထောက်အထား စသည့် လိုအပ်သည်များကို အဆင်သင့် ပြုလုပ်ထားကြပါတယ် နှိုးဆော်ထားပါသည်။

Author