မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးခြင်းကို နယ်လှည့်ဆောင်ရွက်ပေးလျက်ရှိ

0

Full article

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးခြင်းကို လစဉ်တိုင်း မြို့နယ်များတွင် နယ်လှည့်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် အောက်ပါမြို့နယ်များတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာမှ အသိပေးကြေညာ ထားပါသည်။


၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များသက်တမ်းတိုးခြင်းဆောင်ရွက်ပေးမည့် မြို့နယ်များမှာ ကချင်ပြည်နယ်တွင် ပူတာအို၊ ဖားကန့်၊ ကရင်ပြည်နယ်တွင် သံတောင်၊ ကြာအင်းဆိပ်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ခန္တီး၊ မြင်းမူ၊ ရေဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ဝေါ၊ သဲကုန်း၊ အုတ်ဖို၊ မကွေးတိုင်းဒေသကြီးတွင် နတ်မောက်၊ ဆော၊ ကန်ပက်လက်၊ ငဖဲ၊ အောင်လံ၊ မန္တလေးတိုင်းဒေသကြီးတွင် စဉ့်ကူး၊ ကျောက်ပန်းတောင်း၊ မွန်ပြည်နယ်တွင် သံဖြူဇရပ်၊ ဘီးလင်း၊ ရခိုင်ပြည်နယ်တွင် သံတွဲ၊ တောင်ကုတ်၊ ဂွ၊ ရန်ကုန်တိုင်းဒေသကြီးတွင် တိုက်ကြီး၊ ကွမ်းခြံကုန်း၊ ရှမ်းပြည်နယ်တွင် ဟိုပုန်း၊ ရွာငံ၊ ခိုလမ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် လပွတ္တတာ၊ ပန်းတနော်၊ လေးမျက်နှာ၊ ဒေးဒရဲ မြို့နယ်တို့တွင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဌာနမှ အသိပေး ကြေညာထားပါသည်။


သို့ဖြစ်ပါ၍ အဆိုပါမြို့နယ်များရှိ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်လိုင်စင်သက်တမ်းတိုးလိုသူများအနေဖြင့် လိုအပ်သော အထောက်အထား၊ စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားရန် နှိုးဆော်ထားပါသည်။

Author