Full article

ကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွှန် ကြားမှုဦးစီးဌာန၊ မြင်သာကညနရုံးတွင် သင်္ကြန်မတိုင်ခင်နှင့် သင်္ကြန်ပြီးရက်များအတွင်း ကနဦးမှတ်ပုံတင်ကြေး လာရောက်တွက်ချက်မှု ပိုမိုများပြားလျက်ရှိကြောင်း 'မြင်သာကညနရုံး၊ ကနဦးမှတ်ပုံတင်ဌာန}'မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။knn

ယာဉ်ပိုင်ရှင်များအနေဖြင့်က နဦးမှတ်ပုံတင်ကြေး လာရောက် တွက်ချက်ရာတွင် ဧပြီ ၇ ရက်တွင် ၂၅၄ စီး၊ ဧပြီ ၈ ရက်တွင် ၂၈၅ စီး၊ ဧပြီ ၉ ရက်တွင် ၂၇၈ စီး၊ ဧပြီ ၁ဝ ရက် တွင် ၁၃၁ စီးနှင့် ဧပြီ ၁၁ ရက်တွင် အစီးနှစ်ဆယ် လာရောက်တွက်ချက်ခဲ့ပြီး ကညနရုံး ပြန်လည်ဖွင့်သည့် ၂၂ ရက်တွင်မူ ၃ဝ၈ စီး လာရောက် ငွေတွက်ချက် မှုရှိကြောင်း သိရသည်။ ကနဦး မှတ်ပုံတင်ကြေး လာရောက်တွက်ချက်မှုနှင့် ပတ်သက်၍ မြင်သာ ကညနရုံး၊ ကနဦးမှတ်ပုံ တင်ဌာနမှ တာဝန်ရှိသူတစ်ဦးက "ကနဦးမှတ်ပုံတင်ကြေး ပေးသွင်းမှုကတော့ အခွန်ငွေလျှော့ချလိုက်ပြီး နောက်ပိုင်းမှာ ပိုပြီးများလာတယ်၊ သင်္ကြန်မတိုင်ခင်က အခွန်လျှော့ချ ပေးလိုက်တဲ့အတွက် ငွေတွက်ချက်တဲ့ကားတွေ များလာတယ်၊ သင်္ကြန်ပြီး ရက်ပိုင်းတွေမှာလည်း ငွေတွက်ချက်သူတွေ များနေပါသေးတယ်၊ နေ့စဉ် ပျမ်းမျှကတော့ တစ်ရက်ကို အစီးရေ နှစ်ရာ ဝန်းကျင်လောက်ရှိပါတယ်၊ ငွေသွင်းတဲ့ အစီးရေကတော့ တစ်ရက်ကို သုံးရာဝန်းကျင်လောက်ရှိပါတယ်" ဟု ပြောကြားခဲ့သည်။ ကညနရုံး ပြန်လည်ဖွင့်သည့် ၂၂ ရက်တွင် နံပါတ်ပြား လာရောက် ထုတ်ယူသည့် ကားများမှာ နည်းပါးလျက်ရှိနေသေးပြီး နံပါတ် လာရောက်ထုတ်ယူမှုမှာ အစီးရေ သုံးရာဝန်းကျင်ခန့်ရှိကြောင်း ကန ဦးမှတ်ပုံတင်ဌာနမှ သိရသည်။

Ref: Automobile

Author