Monster Truck တို့ ဆုံဆည်းခြင်း...

0

Full article

![](/redline/content/images/2017/07/1111-300x180.png)

_ Photo Credit_

Monster Truck ဆိုတာ ဘာလဲ..?

Monster truck ဆိုတာ ရိုးရိုး pickup truck အမျိုးအစားကိုမှ suspension အမြင့်ကြီးတွေ၊ တာယာ အကြီးကြီးတွေနဲ့ modified ပြုလုပ်တပ်ဆင်ထားတဲ့ truckကားအမျိုးအစား ဖြစ်ပါတယ်။ ဒီလို ပုံမှန် pickup truck တွေ modified ပြုလုပ်ရာမှာ ပုံစံအမျိုးမျိုးနဲ့ ပြန်လည် အလှဆင်လာတာကို နေရာဒေသအချို့တွင် မြင်ဖူးကြပေလိမ့်မည်။ US မှာ Monster truckတွေ ဆုံဆည်းဖို့အတွက် monster truck အလှပြပွဲ အပါအဝင် monster truck တိုက်သတ်ပွဲ၊ monster truck ခုန်ပျံကျော်လွှားပွဲ စသဖြင့် နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။

_ Photo Credit_

တစ်ချို့ monster truck တွေရဲ့ အလှဆင်ထားချက်ဆိုရင် ခပ်လန်းလန်း တောရိုင်းအကောင်တွေ ရဲ့ပုံစံတွေအပြင် စက်ရုပ်၊ school bus စသဖြင့် အသွင်ပုံစံအမျိုးမျိုးနဲ့ ပြိုင်ပွဲ ဝင်ဆင်နွှဲ တာကိုပင် တွေ့နိုင်ပါတယ်။ ပြိုင်ပွဲဝင် monster truck တွေရဲ့ သတ်မှတ်ချက်တွေကတော့ ကားတစ်စီးလုံး ၁၂ ပေ အမြင့်ရှိပြီး ၁၂ ပေအကျယ် ရှိထားရမှာပဲဖြစ်ပါတယ်။ ဒါတွေအပြင် အထူးပြုပြင်ထားတဲ့ 462lb BKT 66-inch off-road tires တွေလည်း ပါရှိတပ်ဆင်ထားရမှာပါ။ Monster truck တွေကို အရင်တုန်းက Motor Show တွေမှာ ခဏတာပြသခဲ့ကြရမှာ ယနေ့မှာတော့ monster truck တွေက လူကြိုက်အများဆုံး motor event တွေအဖြစ် ရပ်တည်နေကြပါပြီ။



_ Photo Credit_

Monster truck show တစ်ခုကိုဝင်ပြိုင်မယ်ဆိုရင် ပွဲစဉ်တစ်ပွဲ ကို ပြိုင်ပွဲဝင် monster(၄) ကောင်သတ်မှတ်ပေးထားပြီး တစ်ဖက်နှစ်ဦးစီ 2 vs 2 mode နဲ့ freestyle ဝင်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ ဒါတွေအပြင် monster truck တွေရဲ့ ဘီးအကြီးကြီး တွေနဲ့ ပေါင်းစပ်ထားတဲ့ pickup body တွေ လေပေါ်မှာ ရှေ့ဂျွမ်း နောက်ဂျွမ်း ထိုးတဲ့ အကွက်တွေကိုပါ ပြသရမှာဖြစ်ပါတယ်။ Monster truck ပြိုင်ပွဲတွေ က ပုံမှန်အားဖြင့် racing,freestyle driving, donut competition လို့ခေါ်ဝေါ်ကြတဲ့ ကားတစ်ပတ်ပြည့်အောင် မောင်းနှင်ရခြင်း၊ wheelie competition( monster truck မှ ကားအသေးစားတွေကို အရှိန်ဖြင့် ဖြတ်ကျော်မောင်းနှင်ခြင်း)၊ စသည့် ပြိုင်ပွဲ အမျိုးစားတွေပါရှိပါတယ်။

_ Photo Credit_

ဒီ monster truck တွေ က အင်ဂျင် ရုန်းကန်အားနဲ့ ဘီးအကြီးကြီးတွေ တပ်ဆင်ထားလို့ ကားမောင်းကွင်းကို ကာရံထားတဲ့ အတားအဆီးတွေကိုတောင် ဖြတ်ကျော်နိုင်စွမ်းရှိပါတယ်။ ဒီလို အန္တရာယ်တွေ မကြုံရအောင် ပြိုင်ပွဲဝင် Monster truck တွေမှာ Remote Ignition Interrupter (RII) လို့ခေါ်တဲ့ safety mode လေးတစ်ခုတပ်ဆင် ထားရပါတယ်။ ဆိုလိုချင်တာက ပြိုင်ပွဲဝင်နေစဉ်အတွင်း driver ထိန်းချုပ်မှု လွတ်သွားခဲ့သည်ရှိသော် control center မှနေ၍ Remote system အသုံးပြုကာ အဝေးမှ ရပ်တန့်နိုင်အောင် ပြုလုပ်နိုင်ရန် အတွက်ဖြစ်ပါတယ်။ RII စနစ်ရဲ့ အားသာချက်ကတော့ monster truck ရဲ့ မည်သည့်အခြေအနေ မျိုးကိုမဆို brake ပေါက်ခဲ့ရင်တောင် ရပ်တန့်သွားအောင်ပြုလုပ်ပေးနိုင်ပါတယ်။


Monster Truck တွေရဲ့ဒီဇိုင်းနဲ့ဖန်တီးမှု..

_ Photo Credit_

Monster တို့ရဲ့ ဖခင် original monster truck ကြီးကိုတော့ ၁၉၇၅ ခုနှစ်မှာ အမေရိကန်နိုင်ငံ Missouri ပြည်နယ် ၊ Pacific ဆိုတဲ့ မြို့လေးမှာပဲ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အရင်တုန်းက monster truck တွေကို မူလ ကားကိုယ်ထည်နှင့် ကြီးလွန်းတဲ့ ကားဘီးတွေကို modified ပြုလုပ် ပြိုင်ပွဲဝင်ခဲ့ကြရာမှ ယနေ့မှာတော့ မူလကိုယ်ထည်အတိုင်းမဟုတ်ဘဲ suspension လေးခု ကို အလွယ်တကူ တစ်ခုစီ အဖြုတ်အတပ် ပြုလုပ်နိုင် တဲ့ figure glass body တွေကို အသုံးပြုလာကြပါတယ်။ သို့မှသာ တိုက်ကြေ ပျက်စီးခဲ့သည်ရှိသော် လွယ်ကူစွာ ဖြုတ်တပ် နိုင်မှာဖြစ်ပါတယ်။



Photo Credit

Monster truck တွေမှာ များသောအားဖြင့် driver ရဲ့ အနောက်ဘက်မှာသာ Engine ကို တပ်ဆင်ထားရှိ ကြပါတယ်။ Engine တွေ အကုန်လုံး Supercharged အမျိုးစားအသုံးပြုထားတဲ့အပြင် fuel consumption အနေနဲ့ ကတော့ methanol, an alcohol(အရက်)၊ နဲ့ corn-based oil လို့ခေါ်တဲ့ ပြောင်းဖူးရဲ့ အဆီ တွေကိုပါ လောင်စာ အနေနဲ့ အသုံးပြု မောင်းနှင်ကြပါတယ်။ ဒါတွေအပြင် Monster Truck တွေရဲ့ ကြီးမားလှတဲ့ ဝင်ရိုး ကိုတော့ စစ်ဘက်ဆိုင်ရာ truck ကားတွေ ဒါမှမဟုတ်ရင် bus ကား၊ construction ကားစသဖြင့် truck ကားအကြီးကြီးတွေရဲ့ ဝင်ရိုးတွေကို အသုံးပြုလေ့ရှိကြပါတယ်။



_ Photo Credit_

Monster truck ပွဲတော် တွေနဲ့ ပတ်သတ်ပြီး မတော်တဆ ထိခိုက်ဒဏ်ရာရ သေဆုံးမှုဖြစ်စဉ် အတော်များများလဲ ရှိခဲ့ပါတယ်။ မှတ်တမ်းများအရ လူ (၂ဝ) ကျော်အထက် သေးဆုံးခဲ့ပြီး ရာချီ ထိခိုက်ဒဏ်ရာ ရရှိသည်အထိ မှတ်တမ်းရှိထားပါတယ်။



_ Photo Credit_

ဒီလို ကမ္ဘာ့ ရင်ခုန်ဖွယ်ရာ Truck ကားအကြီးကြီးတွေရဲ ခုန်ပျံကျော်လွှားအကွက်တွေကို အဓိကဦးဆောင်ကျင်းပတဲ့ ပွဲတော်ကတော့ Monster Jam တရပ်ကားပွဲတော်ပဲ ဖြစ်ပါတယ်။ ဒါတွေအပြင် Monster Jam ပွဲတော် မှာ ကမ္ဘာကျော်SUVကားကြီးတွေရဲ့ ပြန်လည် modified ပြုလုပ်တပ်ဆင်ထားမှုတွေ အပါအဝင် အရင်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ Jeeps တွေကိုပါအလှဆင် ထားချက်တွေကို တွေ့မြင်နိုင်ပါတယ်။ Monster Jam ပွဲတော် နဲ့ ပတ်သတ်၍ အသးစိတ်အကြောင်းအရာများကိုတော့ နောက်အပတ်များမှာ ဆက်လက် တင်ပြပေးသွားပါ့မယ်ခင်ဗျာ။

Author