ယခင်ရုပ်ပြောင်းကားများကို ခွင့်ပြုပေးထားပြီးဖြစ်၍ ထပ်မံတင်သွင်းလာသော ကားများကိုလည်း နံပါတ်ယူ ယာဉ်မှတ်ပုံတင်ခွင့်ပြုပေးသင့်ဟုဆို

0

Full article

ယခင်ရုပ်ပြောင်းကားများကို ခွင့်ပြုပေးထားပြီးဖြစ်၍ ထပ်မံတင်သွင်းလာသော ကားများကိုလည်း နံပါတ်ယူ ယာဉ်မှတ်ပုံတင်ခွင့်ပြုပေးသင့်ပါကြောင်း မော်ဒယ်အမြင့် ကားသွင်းသူများက ဝေဖန်ပြောဆိုနေကြသည်။ မော်ဒယ်အမြင့် ရုပ်ပြောင်းကားများကို ယခင်က ယာဉ်မှတ်ပုံတင်ခွင့်ပြုပေးခဲ့ပြီးဖြစ်၍ ယခုအသစ်တင်သွင်းလာသော ရုပ်ပြောင်းကားများအား မူလစက်ရုံထုတ်အတိုင်း ပြန်ပြင်ရန်သတ်မှတ်ထားခြင်းမှာ မဖြစ်နိုင်ဘဲ နံပါတ်ယူယာဉ်မှတ်ပုံတင်ခွင့်မပေးဘဲ အချိန်ကြာမြင့်နေလျက်ရှိရာ ကားပိုင်ရှင်များမှာ နစ်နာမှုများရှိနေပြီး တိကျသော မူဝါဒထုတ်ပြန်ပေးရန် လိုအပ်နေလျက်ရှိကြောင်းသိရသည်။

"အရင်ကတော့ မော်ဒယ်လွဲနေတဲ့ရုပ်ပြောင်းကားတွေကို ယာဉ်မှတ်ပုံတင်ခွင့်ပြုပေးထားခဲ့တယ်။ အခုနောက်ပိုင်းကမှ သွင်းလာတဲ့ကားတွေကို ခွင့်မပြုတော့ဘူး၊ မူလစက်ရုံထုတ်အတိုင်း ပြန်ပြင်ရမယ်ဆိုတာ မဖြစ်သင့်ပါဘူး။ အမိန့်မထွက်ခင်က သွင်းလာတဲ့ကားတွေပါ ယာဉ်မှတ်ပုံတင်မပေးဘူးဆိုတော့ ကားပို်င်ရှင်တွေနစ်နာပါတယ်။ ဒီကားတွေကို ဘယ်လိုလုပ်ရမယ်ဆိုတာ တိကျတဲ့အမိန့်တစ်ခု ထုတ်ပေးသင့်တယ်။ အခုက ဒီကားတွေက တရားဝင်အခွန်နဲ့သွင်းထားတာ၊ လိုင်စင်မဲ့ကားပဲ လုပ်ရမလိုဖြစ်နေပြီ။ " ဟု မော်ဒယ်မြင့် ကားသွင်းထားသူ ဦးလှမောင်က ပြောသည်။

ကနဦးမှတ်ပုံတင် ယာဉ်နံပါတ်ယူပြုလုပ်ထားပြီးသော ရုပ်ပြောင်းလဲထားသည့်ကားများကို ယခင်မှတ်ပုံတင်ထားသည့်အတိုင်း တိုက်ဆိုင်စစ်ဆေး၍ ခွင့်ပြုပေးမည်ဖြစ်သော်လည်း အသစ်တင်သွင်းထားသော မော်ဒယ်လွဲရုပ်ပြောင်းကားများမှာ သိသာထင်ရှားသော ရုပ်ပြောင်းကားများ ဖြစ်နေသည့်အတွက် ကားအရောင်းအဝယ်ပြုလုပ်ရာတွင် အခက်အခဲများဖြစ်ပေါ်နေလျက်ရှိရာ ကားတင်သွင်းထားသည့် မူလတင်သွင်းစက်ရုံထုတ် ဟုတ်/မဟုတ်အား တိုက်ဆိုင်စစ်ဆေးမှုများပြုလုပ်မည်ဖြစ်သောကြောင့် မူလစက်ရုံထုတ်ပုံစံမဟုတ်ဘဲ မော်ဒယ်ကို modify ပြန်လည်လုပ်ဆောင်ထားသော ရုပ်ပြောင်းကားများကို ယာဉ်မှတ်ပုံတင်ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။

Author

Comments