မိုဒယ်အမြင့်ခုန် ရုပ်ပြောင်းကားများ ပြောင်းလဲထားသည့် မိုဒယ်အတိုင်း အခွန်သတ်မှတ် ကောက်ခံသွားရန်ရှိ

0

Full article

မီးလုံး၊ မီးခွက်၊ ရှဲလ် မိုဒယ်အမြင့်ခုန်ထားသော ရုပ်ပြောင်းကားများသည် မူလစက်ရုံထုတ်အတိုင်းဖြစ်ရမည်ဖြစ်ရာ အကယ်၍ပြောင်းလဲထားပါက ပြောင်းလဲထားသည့် မိုဒယ်အတိုင်း အခွန်သတ်မှတ်ကောက်ခံသွားရန်ရှိနေကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ 

၂ဝဝ၈ မိုဒယ်မှ ၂ဝ၁၆ မိုဒယ်အထိ မိုဒယ်အမြင့်ခုန် ရုပ်ပြောင်းကားများဖြစ်ကြသော Land Cruiser ကားများ၊ Vanguard ကားများ၊ Mark X ကားများမှာ အကောက်ခွန်ဦးစီးဌာနတွင် သတ်မှတ်ထားသော CIF တန်ဖိုးအတိုင်း မိုဒယ်အနိမ့်နှုန်းထားဖြင့်သာ ပေးဆောင်၍ တင်သွင်းထားပြီး နောက်ပိုင်းမှတ်ပုံတင်ပြုလုပ်ရာတွင် မူလရုပ်ပုံစံနှင့်ကွဲပြားနေ၍ ပြောင်းလဲထားသော မိုဒယ်အတိုင်းအခွန်ပြန်လည်ကောက်ခံသွားရန်ရှိသည်ဟု သိရသည်။

"မိုဒယ် အမြင့်ခုန်ထားတဲ့ ရုပ်ပြောင်းကားတွေကတော့ ပြောင်းလဲထားတဲ့ မိုဒယ်အတိုင်း အခွန်ပြန်လည်ကောက်ခံသွားဖို့တော့ရှိတယ်။ ၂ဝဝ၈ မိုဒယ်ကနေ၂ဝ၁၆ မိုဒယ်ကို ခုန်ပြီး မိုဒယ်အမြင့်ခုန် ရုပ်ပြောင်းထားတဲ့ Land Cruiser ၊ Vanguard ကားတွေက ကားအရောင်းအဝယ်လုပ်ရင်၊ မှတ်ပုံတင်ရင် အမြင့်ရုပ်တွေဖြစ်နေလို့ပါ။ မူလစက်ရုံထုတ် အတိုင်းတော့ ဖြစ်ရမယ်လို့ အသိပေးသတ်မှတ်ထားပြီးသားပါ။" ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Author