Mobil Branded Lubricants မှ မြန်မာနိုင်ငံဈေးကွက်သို့ ရောက်ရှိခြင်း ၅ နှစ်ပြည့် အခမ်းအနား ကျင်းပပြုလုပ်

0

Full article

Mobil Branded Lubricants ကို မြန်မာပြည်ဈေးကွက်သို့ ရောက်ရှိခြင်း ၅ နှစ်ပြည့် အခမ်းအနားနှင့် Mobil ကိုအစဉ်တစိုက် ရောင်းချပေးနေသော ရောင်းအားကောင်းသောဆိုင်များအား 2017 Sales Excellence Awards နှင့် Mobil Branded Lubricants တစ်မျိုးတည်းကိုသာ အစဉ်တစိုက် ရောင်းချပေးနေသောအရောင်းဆိုင်များအား Best Partner Awards ဆုများချီးမြှင့်ခြင်းအခမ်းအနားကို မန္တလေးမြို့ Hilton Mandalay Hotel တွင် ၂၈.၄.၂ဝ၁၈ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပွဲတွင် အကအလှအဖွဲ့များက ကပြဖျော်ဖြေခဲ့ပြီး အရောင်းကိုယ်စားလှယ်များအား 2017 Sales Excellence Awards ဆုများနှင့် Best Partner Award ဆု ချီးမြှင့်ပေးခဲ့ကာ အရောင်းကိုယ်စားလှယ် တစ်ဦးမှလည်း ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

အမေရိကန်နိုင်ငံအခြေစိုက် ကမ္ဘာ့အကြီးဆုံးရေနံကုမ္ပဏီဖြစ်သော ExxonMobil ၏ ထုတ်ကုန်တစ်မျိုး ဖြစ်သော Mobil Branded Lubricants ကို မြန်မာပြည်၏ တစ်ဦးတည်းကိုယ်စားလှယ် MJL & AKT Petroleum Co.,Ltd. က ပြည်တွင်းဈေးကွက်သို့ ဖြန့်ချီရောင်းချပေးနေကြောင်းသိရသည်။

Business

Author