နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့်ရပ်ဆိုင်းခြင်းကာလကို တိုးမြှင့်လိုက်ပြီး ပြည်ပခရီးစဉ် ပျံသန်းပြေးဆွဲခြင်းကိုလည်း ယာယီရပ်ဆိုင်းလိုက်ကြောင်း

0

Full article

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့်ရပ်ဆိုင်းခြင်းကာလကို တိုးမြှင့်လိုက်ပြီး မြန်မာ့အမျိုးသားလေကြောင်းလိုင်း၏ ပြည်ပခရီးစဉ် ပျံသန်းပြေးဆွဲခြင်းကိုလည်း ဇွန်လ ၁၅ ရက်နေ့အထိ ယာယီရပ်ဆိုင်းလိုက်ကြောင်း အသိပေးထုတ်ပြန်ချက်များအရသိရသည်။

မြန်မာနိုင်ငံအတွင်း COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်ချက်အနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ယာယီရပ်ဆိုင်းခြင်းကို မေလ ၁၅ ရက် မြန်မာစံတော်ချိန် ၂၃ နာရီ ၅၉ မိနစ်သို့ ထပ်မံတိုးမြှင့်လိုက်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အသိပေးထုတ်ပြန်ချက်များအရ သိရသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းအား မတ်လ ၃၀ ရက်နေ့မှ စတင်ရပ်ဆိုင်းခဲ့ပြီး ယခုအခါ ယာယီကန့်သတ်ခြင်းကာလကို ထပ်မံတိုးမြှင့်လိုက်ခြင်းဖြစ်သည်။ ထို့အပြင် မြန်မာ့အမျိုးသားလေကြောင်းလိုင်း (MNA) မှလည်း ပြည်ပခရီးစဉ်များ ပျံသန်းပြေးဆွဲခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၅) ရက်နေ့အထိ ခေတ္တရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပြီး ၊ ခရီးစဉ်များကို ၂၀၂၀ ပြည့်နှစ် ဇွန်လ (၁၆) ရက်နေ့မှ ပြန်လည်ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း ကို လည်း အသိပေးထုတ်ပြန်ကြေညာထားပါသည်။


မြန်မာ့အမျိုးသားလေကြောင်းလိုင်း (MNA) အနေဖြင့် အထက်ပါကာလအတွင်း ဝယ်ယူထားသော လေယာဉ်လက်မှတ်များအား Full Refund နှင့် Free Date Change ပြုလုပ်ပေးသွားမည်ဖြစ်ပြီး၊ Agent မှဝယ်ယူထားသော ခရီးသည်များအနေဖြင့် အဆိုပါ Agent မှ တစ်ဆင့် Refund ပြန်လည်ထုတ်ယူနိုင်ပြီး Website မှ ဝယ်ယူထားသူများအနေဖြင့် contactus@flymna.com သို့ email ပေးပို့ကာ Refund ပြန်လည်ထုတ်ယူနိုင်ကြောင်း အသိပေးကြေညာထားပါသည်။

Author