Myanmar National Airline (MNA) နှင့် Air KBZ လေကြောင်းလိုင်းတို့ မေလ (၁) ရက်နေ့မှစတင်ကာ ပြည်တွင်းခရီးစဉ်များ ပျံသန်းပြေးဆွဲပေးသွားမည်

0

Full article

Myanmar National Airline (MNA) နှင့် Air KBZ လေကြောင်းလိုင်းတို့သည် မဖြစ်မနေ ခရီးသွားရန်လိုအပ်သည့်လူများအတွက် မေလ (၁) ရက်နေ့မှစတင်ကာ ပြည်တွင်းခရီးစဉ်များ ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) သည် မေလ (၁) ရက်နေ့မှစတင်ကာ ရန်ကုန်နှင့် မြို့ပေါင်း (၂၀) ခန့်ကို ချိတ်ဆက်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ပြီး Air KBZ လေကြောင်းလိုင်းသည်လည်း မေလ (၁) ရက်နေ့မှ (၁၇) ရက်နေ့အထိ ရန်ကုန်နှင့် မြို့ပေါင်း (၁၁) မြို့ကို ချိတ်ဆက် ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။ Air KBA လေကြောင်းလိုင်းသည် ရန်ကုန်မြို့နှင့် ချိတ်ဆက်ကာ ထားဝယ်၊ ဟဲဟိုး၊ ခန္တီး၊ ကျိုင်းတုံ၊ ကျောက်ဖြူ၊ လားရှိုး၊ မန္တလေး၊ မြိတ်၊ မြစ်ကြီးနား၊ စစ်တွေနှင့် တာချီလိတ် တို့ကို ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။ မြန်မာအမျိုးသားလေကြောင်းလိုင်း( MNA) သည် ရန်ကုန်မြို့နှင့် ဗန်းမော်၊ ကော့သောင်း၊ ကလေး၊ လွိုင်ကော်၊ မိုင်းဆက်၊ နေပြည်တော်၊ ညောင်ဦး၊ သံတွဲ၊ အမ်းမြို့၊  ထားဝယ်၊ ဟဲဟိုး၊ ခန္တီး၊ ကျိုင်းတုံ၊ ကျောက်ဖြူ၊ လားရှိုး၊ မန္တလေး၊ မြိတ်၊ မြစ်ကြီးနား၊ စစ်တွေနှင့် တာချီလိတ် တို့ကို ချိတ်ဆက်ပျံသန်းသွားမည်ဖြစ်ကြောင်းသိရသည်။


လက်တလောဖြစ်ပွားနေသည့် COVID -19 ရောဂါကြောင့် မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ၎င်းတို့၏ ပြည်တွင်းခရီးစဉ်များကို ဧပြီလ ၃၀ ရက်နေ့အထိ ဖျက်သိမ်းထားခဲ့ပြီး ယခုခရီးစဉ်များကိုလည်း အပြောင်းအလဲတစ်စုံတစ်ရာရှိပါက အချိန်နှင့်တစ်ပြေးညီ ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Author