ခရီးကြမ်းများကို ဖြတ်သန်းမောင်းနှင်သည့် MMSO Challenge ပြိုင်ပွဲကျင်းပ

0

Full article

Zawgyi လမ်းခရီးကြမ်းများကို သွားလာမောင်းနှင်နိုင်စေရန် ရည်ရွယ်ကာ Myanmar Motorsports Organization မှ ကြီးမှူး၍ MMSO Challenge ပြိုင်ပွဲကို အောက်တိုဘာ ၂၉ရက်က ရွှေပြည်သာမြို့နယ်၊ လှော်ကားဥယျာဉ်အနီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ခရီးကြမ်း မောင်နှင်ရသည့် MMSO Challenge ပြိုင်ပွဲကို အပျော်တမ်း လာရောက်သူများနှင့် ပြိုင်ပွဲဝင်သူ စုစုပေါင်း ကားအစီး၁ဝဝ ခန့်ဝင်ရောက်ပြိုင် ဆိုင်ခဲ့ကြခြင်းဖြစ်သည်။
ထို MMSO Challenge ခရီးကြမ်း ကားမောင်းပြိုင်ပွဲကို ခရီးကြမ်း မောင်းနှင်သည့် အတွေ့အကြုံမရှိသေးသောသူများအတွက်ရွံနွံထဲတွင် မောင်းနှင်နိုင်စေရန် စီစဉ်ထားရာ အခက်အခဲ တစ်စုံတစ်ရာပေါ်ပါက ၎င်းတို့အတွက် မော်တော်ယာဉ်များ ဆွဲတင်ရန်ကားများ အဆင့်သင့်ထားရှိပြီး အတွေ့အကြံရှိသော ခရီးကြမ်းကားမောင်းသူများအတွက်ကိုမူ ခက်ခဲသော လမ်းခရီးကြမ်း များဖန်တီးကာ အတားအဆီးများအကြား မောင်းနှင်စေသည်ဟု သိရသည်။

"ယာဉ်မောင်းတွေအနေနဲ့ ခရီးလမ်းကြမ်းများကိုဖြတ်သန်းမောင်းနှင်နိုင်စေရန်ရည်ရွယ်ပြီး ဒီပြိုင်တွေကိုစီစဉ်ခြင်းဖြစ်ပါတယ်။ ဒီခရီးလမ်းကြမ်းတွေဖြတ်သန်းမောင်းနှင်းခြင်း ကွန်ရက်က မြန်မာနိုင်ငံမှာမကျယ်ပြန့်သေးဘူး။ ဒါကိုပြည်တွင်းမှာကျယ်ပြန့်စေချင် တာ ဖြစ်တယ်။ ဒီလိုပွဲတွေလုပ်လို့ ခရီးကြမ်းတွေကို မောင်းမယ်ဆိုရင် အတွေ့အကြံရဖို့အတွက် လုပ်ဆောင်ရတာဖြစ်ပါတယ်"လို့ MMSO Challenge ပြိုင်ပွဲကျင်းပရေးကော်မတီက ဦးသူရိန်ဝင်းကပြောကြားသည်။

ခရီးကြမ်းကားမောင်းနှင်သည့် MMSO Challenge ပြိုင်ပွဲတွင် ပထမဆုအဖြစ်ဆုငွေကျပ်၁ဝသိန်း၊ ဒုတိယဆုအဖြစ် ၇သိန်း နှင့် တတိယဆုအဖြစ် ဆုငွေကျပ်၅သိန်းပေးအပ်ခဲ့ကြောင်း သိရသည်။

Author