Mitsubishi Day နှင့် Mitsubishi Xpander 2020 ၏ ​Reveal အစီအစဉ်ကို ရန်ကုန်မြို့ Myanmar Plaza ၌ကျင်းပပြုလုပ်

0

Full article

Mitsubishi Motors Myanmar ၏ အထူးစပါယ်ရှယ်အစီအစဉ်ဖြစ်သော Mitsubishi Day နှင့် Mitsubishi Xpander 2020 ၏ ​Reveal အစီအစဉ်ကို ရန်ကုန်မြို့ Myanmar Plaza တွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့၌ ကျင်းပခဲ့သည်။


MM Cars Myanmar ၏ “၂၀၂၀ ခြေလှမ်းသစ်ဆီသို့ (To The Next Stage 2020)" အစီအစဉ်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် ရန်ကုန်မြို့ Myanmar Plaza ၌ပြုလုပ်ခဲ့ပြီး ပျော်ရွှင်စရာ ဂိမ်းလက်ဆောင်များ၊ Photo Contest ပြိုင်ပွဲများ၊ ကယ်ရီကေးချားပုံတူဆွဲပေးခြင်း စသည့် အစီအစဉ်များဖြင့် ကျင်းပခဲ့ပြီး၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် Mitsubishi Xpander 2020 Reveal အစီအစဉ်ကို ကျင်းပခဲ့သည်။ ပြပွဲတွင် Mitsubishi Brand New ကားသစ်များဖြစ်သော Xpander 2020 အပါအဝင် Attrage ၊ ASX ၊ L- 200 တို့ကို အထူးအစီအစဉ်များဖြင့် ပြသရောင်းချခဲ့သည်။ ပြပွဲအတွင်း လာရောက်ဝယ်ယူသူများကို CB Bank နှင့်ချိတ်ဆက်ကာ 10% Down Payment ၊ ၅ နှစ် အရစ်ကျစနစ်ဖြင့်ရောင်းချခဲ့သည်။ Mitsubishi Xpander 2020 ကို လွန်ခဲ့သည့် ၂ ရက်က အင်ဒိုနီးရှားနိုင်ငံတွင် မိတ်ဆက်ပြသခဲ့ပြီး မြန်မာနိုင်ငံတွင် USD 26,700 ဖြင့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး နှင့် မြိတ် မြို့များရှိ အရောင်းကိုယ်စားလှယ်များထံတွင် ကြိုတင်မှာယူနိုင်ပြီဖြစ်ကြောင်းသိရသည်။


MM Cars Myanmar ၏ Mitsubishi အရောင်းပြခန်းများကို မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် တည်ဆောက်ခဲ့ပြီးဖြစ်ရာ ရန်ကုန်မြို့တွင်လည်း Mitsubishi Myanmar အရောင်းပြခန်းကို စံနှုန်းများနှင့်အညီ တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

Author