Mitsubishi Motors Myanmar ရဲ့ Xpander အသစ် မိတ်ဆက်ပွဲ Myanmar Plaza ၌ကျင်းပပြုလုပ်

0

Full article

၁၄ စက်တင်ဘာ (ရန်ကုန်) - Mitsubishi Motors Myanmar ကနေပြီး Xpander အသစ်မိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့ Myanmar Plaza မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီမိတ်ဆက်ပွဲကတော့ Mitsubishi Reborn Campaign ရဲ့ ဒုတိယ Event လည်းဆိုနိုင်ပါတယ်။ မိတ်ဆက်ပွဲမှာတော့ Mitsubishi Motors ရဲ့ President and Managing Director Naofumi Kawamoto က အဖွင့်အမှာစကားပြောကြားခဲ့ပြီး Mitsubishi Xpander Model အသစ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။

Mitsubishi motors ရဲ့ ဒုတိယမျိုးဆက်ဖြစ်တဲ့ Xpander အသစ်ဟာ New Generation Crossover MPV ဖြစ်ပါတယ်။ Xpander အသစ်ဟာ 1.5 Liter ဓါတ်ဆီအင်ဂျင်ကိုအသုံးပြုပေးထားပြီး လူ ၇ ယောက်စီး MPV ကားအမျိုးအစားဖြစ်ပါတယ်။ Xpander ရဲ့ Design ကတော့ Pajero sports ကိုအခြေခံပုံဖော်ထားပြီး အရှေ့ပိုင်းမျက်နှာပြင်ကိုတော့ Dynamic Shield Design Concept နဲ့ပုံဖော်ထားတာပါ။ 4-speed automatic transmission ဖြစ်ပြီး Crossover Design ဖြစ်တာမို့လို့ Ground Clearances မြင့်မားတဲ့အတွက် ရေလျှံတဲ့ချိုင့်တွေအပြင် လမ်းကြမ်းကြမ်းတွေပေါ်မှာလည်း စိတ်ကြိုက်မောင်းနှင်စီးနင်းနိုင်မှာပါလို့  Mitsubishi Motors Myanmar ရဲ့ Business Development Manager ကိုကျော်မြတ်သူကရှင်းလင်းပြောပြခဲ့ပါတယ်။

Mitsubishi Xpander ကတော့ အင်ဒိုနီးရှားနိုင်ငံမှာ တပ်ဆင်ထုတ်လုပ်ထားတာဖြစ်ပြီး ကားရဲ့အတွင်းပိုင်းဖွဲ့စည်းပုံကျယ်ဝန်းတဲ့အတွက် မိသားစုတစ်စုလုံး သက်သောင့်သက်သာနဲ့ လိုက်ပါစီးနင်းနိုင်တဲ့အပြင် Safety ပိုင်းအရလည်း ကောင်းမွန်မှုရှိတာတွေ့ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံက တိုက်ရိုက်တင်သွင်းတာမို့လို့  ရန်ကုန်လိုင်စင်တော့မပါ ပါဘူး။ စျေးနှုန်းက $25,900 + ဝင်ငွေခွန် ဖြစ်ပါတယ်။ အခမ်းအနားကို Mitsubishi Mortors Myanmar ရဲ့ Brand Ambassador တွေဖြစ်ကြတဲ့ ဂရေဟန်နဲ့ ပန်းရောင်ချယ် တို့က သီချင်းတွေသီဆိုဖျော်ဖြေခဲ့ကြပြီး ကားမိတ်ဆက်ပွဲကို တက်ရောက်ကြသူများသာမက Myanmar Plaza မှာစျေးဝယ်သူတွေရဲ့ လက်ခုပ်သံတွေနဲ့အတူ တစ်ခဲနက်အားပေးခဲ့ကြတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

Author

Comments