Mitsubishi Motors Myanmar မှ မကြာမီမိတ်ဆက်တော့မယ့် Xpander အသစ် Test Drive ကို The One Entertainment Park မှာ ကျင်းပပြုလုပ်

0

Full article

Mitsubishi Motors Myanmar ကနေပြီး Xpander အသစ်မိတ်ဆက်ပွဲကို Myanmar Plaza မှာပြုလုပ်ကျင်းပသွားမယ့် သတင်းကိုပါးရင်းနဲ့ Xpander အသစ် Test Drive ကို The One Entertainment Park မှာ ကျင်းပခဲ့ပါတယ်။ Xpander အသစ် မိတ်ဆက်ပွဲ ပြုလုပ်ကျင်းပမယ့်အချိန်ကတော့ ၁၄ ရက် စက်တင်ဘာ ၂၀၁၉ ဖြစ်ပါတယ်။

Mitsubishi ရဲ့ Xpander အသစ်ဟာ လူ ခုနစ်ယောက်စီး MPV ကားတစ်စီးဖြစ်တဲ့အတွက် နေရာကျယ်ကျယ်ဝန်းဝန်းရှိပြီး Crossover Design ဖြစ်တဲ့အတွက် ground clearance မြင့်မားတဲ့ကားတစ်စီးပါ။ 2WD ကားတစ်စီးဖြစ်ပြီး 1.5-litre ဓါတ်ဆီအင်ဂျင်ကို အသုံးပြုပေးထားတာတွေ့ရတယ်။ အမြင့်ဆုံးပါဝါထုတ်လွှတ်မှုအနေနဲ့ 103hp အထိရရှိနိုင်မှာဖြစ်လို့ မဆိုးပါဘူးလို့ပြောလို့ရပါတယ်။ 4-speed automatic transmission နဲ့ထွက်ရှိမှာဖြစ်ပြီး ဈေးနှုန်းကလည်း လက်ရှိမြန်မာနိုင်ငံဈေးကွက်အတွင်း သိပ်မများတဲ့ပမာဏနဲ့ထွက်ရှိလာမှာပါလို့ Mitsubishi Motors Myanmar ကဆိုပါတယ်။ အချက်အလက်နဲ့ဈေးနှုန်းအသေးစိတ်ကိုတော့ မိတ်ဆက်ပွဲပြုလုပ်မယ့် ၁၄ ရက်နေ့မှသာ တရားဝင်ထုတ်ဖေါ်ကြေညာမှာဖြစ်တဲ့အတွက်အတွက် ဒီနေရာမှာတောာ့ မဖေါ်ပြတော့ပါဘူး။ အရောင်ရွေးချယ်မှုအနေနဲ့ကတော့ Pearl White ၊ Titanium Gray ၊ Jet Black နဲ့ Red Metallic ဆိုပြီး ၄ ရောင်ထဲက ရွေးချယ်နိုင်တယ်လို့သိရပါတယ်။

မိုးစက်တွေအောက်မှာ စမ်းသပ်မောင်းနှင်ကြည့်ရသလောက်တော့ steering ပိုင်းပေါ့ပါးတယ်။ အကွေ့အဝိုက်တွေမှာ တော်တော်လေးအဆင်ပြေချောမွေ့တာတွေ့ရပါတယ်။ ဘရိတ်ပိုင်းလည်းကောင်းမွန်မှုရှိပြီး မိုးရေနဲ့အတူ တချို့နေရာတွေမှာ ချောမွေ့နေတဲ့ The One Entertainment ကွင်းထဲမှာတောင်မှ အရှိန်ပြင်းပြင်း၊ အကွေ့အကောက်များများ ကိုကောင်းကောင်းကြီးထိန်းချုပ်မောင်းနှင်နိုင်တာတွေ့ရပါတယ်။

Mitsubishi Motors Myanmar ရဲ့ Xpander အသစ် Test Drive ပွဲမှာတော့ Brand Ambassador များဖြစ်ကြတဲ့ ဂရေဟမ်နဲ့ ပန်းရောင်ခြယ်မိသားစုလည်းတက်ရောက်ခဲ့ပြီး မီဒီယာများနဲ့ စည်းကားတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။

Author

Comments