ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့က Mitsubishi ASX 2020 ၏ First Appearance အခမ်းအနားကိုကျင်းပခဲ့

0

Full article

Mitsubishi ASX 2020 ၏ First Appearance အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၊ ရွာမကျောင်းလမ်းရှိ Mitsubishi Motors Myanmar Showroom တွင် ကျင်းပခဲ့သည်။

All New Mitsubishi ASX 2020 ၏ First Appearance အခမ်းအနားတွင် Mr. David New Man (Co-Managing Director of MM Cars Myanmar LTD, Mitsubishi Motors Myanmar) မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး Mitsubishi ASX 2020 ကို ပရိသတ်များကြည့်ရှုလေ့လာနိုင်စေရန် ပြသခဲ့သည်။ All  New ASX 2020 သည် 2.0 Liter, 16-valve Inline-4 DOHC MIVEC (Gasoline) Engine, Left Hand Drive, 2WD, INVECS-III CVT Transmission type, Direct from japan/Made in Japan ဖြစ်ပြီး တန်ဖိုးမှာ $42,900 ဖြစ်ကြောင်းသိရသည်။


All New Mitsubishi ASX 2020 ကို Pre-Order မှာယူလိုသူများအနေဖြင့် ရန်ကုန်မြို့တွင် Mitsubishi Motors Myanmar Showroom, အမှတ်(၁) ဘုရင့်နောင်လမ်းနှင့် ရွာမကျောင်းလမ်းထောင့်၊ ရန်ကုန်မြို့၊ မန္တလေးမြို့တွင် ၆၂ လမ်း၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြား၊ မနောရမ်မံကွင်း မျက်စောင်းထိုး၊ မဟာအောင်မြေမြို့နယ်ရှိ Mitsubishi Motors Mandalay Showroom ၊ တောင်ကြီးမြို့တွင် အမှတ် ၃/၁၁၊ ရေထွက်ဦးလမ်း၊ ဘုရားဖြူရပ်ကွက်ရှိ Mitsubishi Motors ANN KU Showroom ၊ မြိတ်မြို့တွင် အမှတ် ၁၅၊ ကမ်းနားလမ်း၊ ထားဝယ်စုရပ်ကွက်ရှိ Mitsubishi Motors SWEL TAW Showroom တို့တွင်မှာယူနိုင်ကြောင်းသိရသည်။

Author